Connect with us

North America

လပ်စ်ဗီးဂတ်စ် ဂီတဖျော်ဖြေပွဲ ပစ်ခတ်မှုတွင် လူ ၂၀ ကျော် သေဆုံး၊ လူ ၁၀၀ ကျော် ဒဏ်ရာရရှိ

အမေရိကန်နိုင်ငံ လပ်စ်ဗီးဂတ်စ်မြို့ရှိ လူအုပ်အတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် မန္တလေးဘေ (Mandalay Bay) ဟိုတယ်အား တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လပ်စ်ဗီးဂတ်စ်မြို့ရှိ မန္တလေးဘေ (Mandalay Bay) ဟိုတယ်ပြင်ပ၌ လူအစုအဝေးအတွင်း အောက်တိုဘာလ ၁ ရက် ညပိုင်းတွင် သေနတ် ပစ်ခတ်မှုကြီး ဖြစ်ပွားခဲ့ရာ လူ ၂၀ ဦး ကျော် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အွန်လိုင်းပေါ်တွင် တင်ခဲ့သည့် ဗီဒီယိုဖြတ်ပိုင်းအရ မောင်းပြန်သေနတ် ပစ်ခတ်သံများကိုပင် ကြားခဲ့ရသည်။ ယင်း လက်နက်မှာ အသံကျယ်စေရန် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး အမေရိကန် သေနတ်ရောင်းသည့် ဆိုင်များတွင်ပင် အလွယ်တကူ ဝယ်ယူ၍ရသည့် အမျိုးအစား မဟုတ်ကြောင်း သိရသည်။

ABC 7 သတင်းလိုင်းတွင် ပြသမှုအရ သေနတ်အချက် ရာပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်းနှင့် ဒဏ်ရာရသူများအား လပ်စ်ဗီးဂတ်စ် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

သေနတ် ပစ်ခတ်မှု သံသယရှိသူ တစ်ဦးအား ရဲတပ်ဖွဲ့က အသေဖမ်းဆီးမိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.