Connect with us

North America

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က F-35 တိုက်လေယာဉ်များ အားလုံး ပျံသန်းခြင်း အား ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာ

အမေရိကန် နိုင်ငံ မှ ထုတ်လုပ်သည့် F-35 အမျိုးအစား တိုက်လေယာဉ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က စက်တင်ဘာလပိုင်း တွင် F-35B အမျိုးအစား တိုက်လေယာဉ် ပျက်ကျခဲ့ရခြင်း နှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ရရှိခဲ့သည့် အချက်အလက် များအရ F-35 တိုက်လေယာဉ်များ အားလုံး ပျံသန်းခြင်း အား ယာယီရပ်ဆိုင်း လိုက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် F-35 အမျိုးအစား တိုက်လေယာဉ်များ အားလုံး ကို ပျံသန်းခြင်း ယာယီရပ်ဆိုင်းမည် ဖြစ်ပြီး သက်ဆိုင်ရာ လုပ်ငန်း ကုမ္ပဏီ များမှ တိုက်လေယာဉ် ဆီပေးဝေသည့် စနစ် ကို စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ချို့ယွင်းချက် ရှိသည့် ဆီပေးဝေသည့် စနစ် အပိုင်း ကို လဲလှယ်မှုများ ပြုလုပ်သွားပြီး ပြန်လည် ပျံသန်း စေမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

စက်တင်ဘာ ၂၈ ရက် တွင် အမေရိကန် လေတပ် ၏ F-35B အမျိုးအစား တိုက်လေယာဉ် က လေ့ကျင့် ပျံသန်းမှု ပြုလုပ်နေစဉ် အတွင်း ပျက်ကျသွားခဲ့ပြီး လေယာဉ်မောင်း က အောင်မြင်စွာ အသက်ကယ် စနစ် ဖြင့် ထွက်ခွာ နိုင်ခဲ့သည်။ ယင်းပျက်ကျမှု မှာလည်း F-35 အမျိုးအစား တိုက်လေယာဉ် ပထမဆုံး အကြိမ် ပျက်ကျ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.