Connect with us

North America

အမေရိကန် B-52 ဗုံးကျဲလေယာဉ် မတော်တဆမှုဖြစ်ပွား ၊ လေယာဉ်မှူးအားလုံး အသက်ရှင်ဟုဆို

အမေရိကန် B-52 ဗုံးကျဲလေယာဉ် ဂူအမ်ကျွန်းတွင် မီးလောင်မှုဖြစ်ပွားနေစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အင်းဂျလိစ် ၊ မေ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်ဗုံးကျဲလေယာဉ် B-52 သည် မေလ ၁၉ရက်က ပစိဖိတ်သမုဒ္ဒရာရှိ ဂူအမ်ကျွန်း လေတပ်အခြေစိုက်စခန်းမှ စတင်ထွက်ခွာစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နှင့် လေယာဉ်ပေါ်လိုက်ပါသူ ၇ ဦးစလုံး အသက်ရှင်ကျန်ရစ်ကြောင်း အမေရိကန်နိုင်ငံလေတပ်က သတင်းထုတ်ပြန်သည်။

“ B-52H ဗုံးကျဲလေယာဉ်ကြီးဟာ ဗုံးကျဲလေ့ကျင့်မှုတွေ ဆက်လုပ်ဖို့ လေတပ်အခြေစိုက်စခန်းက တက်ဖို့ပြင်ဆင်နေတုန်းမှာ မီးလောင်မှုဖြစ်သွားတယ်။ Andersen AFB လေတပ်အခြေစိုက်စခန်းမှာ ဒေသစံတော်ချိန် ခန့်မှန်းခြေ မနက် ၈ နာရီခွဲ လောက်က ဖြစ်သွားတာပါ ” ဟု AFB အခြေစိုက်စခန်း အမှတ် ၃၆ လေကြောင်းဆိုင်ရာ ပြည်သူ့ဆက်ဆံရေးရုံးမှ ထုတ်ပြန်ချက်ကို ကိုးကားပြီး ABC သတင်းတွင်ဖော်ပြထားသည်။ “ လေယာဉ်အမှုထမ်း ၇ ယောက်စလုံး လေယာဉ်ထဲက ဘေးကင်းစွာ ထွက်လာနိုင်ခဲ့ပါတယ်” ဟု အမေရိကန်လေတပ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိခိုက်ဒဏ်ရာရသူမတွေ့ရကြောင်း နှင့် အရေးပေါ်ကယ်ဆယ်ရေး အစီအစဉ်များ လုပ်ဆောင်နေသည်ကို မြင်တွေ့ရကြောင်း သတင်းတွင်ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.