Connect with us

North America

၂ဝ၁၈ ခုနှစ် အမေရိကန်လွှတ်တော်ရွေးကောက်ပွဲသည် ကုန်ကျစရိတ် သမိုင်းစံချိန်တင်မည်ဟု မျှော်လင့်

၂ဝ၁၈ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပသည့် အမေရိကန်လွှတ်တော်ရွေးကောက်ပွဲတွင် မဲပေးနေသူတစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

အထက်လွှတ်တော်(ဆီးနိတ်) နှင့် အောက်လွှတ်တော်အမတ်နေရာများအတွက်တို့တွင် ဝင်ရောက်အရွေးခံကြမည့် ကိုယ်စားလှယ်လောင်းများ၏ ယှဉ်ပြိုင်မှု ကုန်ကျစရိတ်သည် အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံ အထိတိုးမြင့်လာသကဲ့သို့ ၂ဝ၁၈ ခုနှစ် အမေရိကန်လွှတ်တော်ရွေးကောက်ပွဲသည် အမေရိကန်သမိုင်းတွင် ကုန်ကျစရိတ်အများဆုံး ကွန်ဂရက် ရွေးကောက်ပွဲတစ်ခုဖြစ်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်မှုစင်တာ၏ နိုဝင်ဘာ ၆ ရက်တွင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်စောင်အရ သိရသည်။

ယခုရွေးကောက်ပွဲအတွင်း အသုံးစရိတ်ငွေမှာ အမေရိကန် ဒေါ်လာ ၅.၂ ဘီလီယံကျော်အထိ ရှိနိုင်ကြောင်း ၊ အမေရိကန်လွှတ်တော်ရွေးကောက်ပွဲသမိုင်းတွင် ကုန်ကျစရိတ်အများဆုံး ရွေးကောက်ပွဲတစ်ခုဖြစ်ကြောင်း စစ်တမ်းကောက်ခံခဲ့သည့်အဖွဲ့က ပြီးခဲ့သော ရက်သတ္တပတ်တွင် ဆိုသည်။ အဆိုပါကုန်ကျစရိတ်သည် ၂ဝ၁၄ ခုနှစ်လွှတ်တော်ရွေးကောက်ပွဲထက် ၃၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် ကွန်ဂရက်လွှတ်တော်ယှဉ်ပြိုင်မှုများ၏ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံကို ကျော်ဖြတ်၍ စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံသည် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ နှင့် PACs အဖွဲ့အစည်းများကဲ့သို့အထူး PACs နှင့် အကျိုးအမြတ်မကြည့်သောအဖွဲ့အစည်းများ၏ အသုံးစရိတ်ကုန်ကျငွေများလည်း ပါဝင်ကြောင်း သိရသည်။

ရုပ်မြင်သံကြား နှင့်ရေဒီယို အသုံးပြုခ စရိတ်မှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃.၂၇ ဘီလီယံအထိ ရှိကြောင်း ကြော်ငြာပိုင်းဆိုင်ရာ သုံးသပ်သူများ အဆိုအရ သိရသည်။ ဒီဂျစ်တယ်နည်းပညာပိုင်းအတွက် အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာသန်း ၉ဝဝ ထိရှိကြောင်း Kantar မီဒီယာ/CMAG ၏ ပြောကြားချက်အရ သိရသည်။

နိုဝင်ဘာ ၆ ရက်အထိ ဒီမိုကရက်တစ်ပါတီမှ အောက်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၉၂၃.၃ သန်းရှိခဲ့ရာ ရီဘတ်ဗလီကန်ပါတီကိုယ်စားလှယ်လောင်းများ၏ ကုန်ကျစရိတ် ၆၁၂.၄ သန်းထက် များစွာ သာလွန်နေသည်။

အထက်လွှတ်တော်ရွေးကောက်ပွဲတွင်လည်း ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းများသည် ရံပုံငွေ ၅၃၉.၉ သန်း ရှိခဲ့ပြီး ရီဘတ်ဗလီကန်ကိုယ်စားလှယ်လောင်းများဘက်မှ ၃၉၅.၈ သန်းရှိခဲ့ကြောင်း သိရသည်။

နှစ်ဖက်ပါတီအသီးသီး၏ ကိုယ်စားလှယ်လောင်းများ မဲဆွယ်ရံပုံငွေကွာဟမှုသည် ဒီမိုကရက်တစ်ပါတီ အပေါ် ထောက်ခံမှု အင်အားတောင့်တင်းခိုင်မာကြောင်း ဖော်ညွှန်းပြနေသည်ဟုဆိုသည်။ ဒီမိုကရက်တစ်ပါတီသည် ယခုရွေးကောက်ပွဲတွင် ကွန်ဂရက်၌ ရီဘတ်ဗလီကန်ထံမှ အနည်းဆုံး အမတ်နေရာ ၂၃ ခုကို လက်ပြောင်းလွှဲယူနိုင်ရန် ကြိုးပမ်းလိမ့်မည်ဖြစ်သည်။ လက်ရှိတွင် ရီဘတ်ဗလီကန်က အမတ်နေရာ ၂၃၅ နေရာ ၊ ဒီမိုကရက်တစ်က အမတ်နေရာ ၁၉၃ နေရာ နှင့် နေရာလွတ် ၇ နေရာ ရှိနေသည်။

Center for Responsive Politics နိုင်ငံရေးလေ့လာသုံးသပ်မှုစင်တာသည် အမေရိကန်နိုင်ငံရေးမူဝါဒများ နှင့် ၎င်း၏ ရွေးကောက်ပွဲ ရောင်ပြန်ဟပ်မှုများ နှင့် ပြည်သူ့ပေါ်လစီတို့တွင် ငွေကြေးအသုံးပြုမှုကို စောင့်ကြည့်လေ့လာနေသည့် ဘက်မလိုက်သော လွတ်လပ်ပြီး ကိုယ်ကျိုးစီးပွားမကြည့်သည့် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.