Connect with us

North America

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး အား ရာထူးမှ ထုတ်ပယ်

ပြည်ထောင်စု ထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်) ညွှန်ကြားရေးမှူး ဂျိမ်းကိုမီ အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် ပြည်ထောင်စု ထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်) ညွှန်ကြားရေးမှူး ဂျိမ်းကိုမီ (James Comey) အား ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း အိမ်ဖြူတော်က မေ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်၌ သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၉ ရက်တွင် အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ဂျိမ်းကိုမီ ထံသို့ ၎င်းအား တာဝန်မှ ရပ်စဲလိုက်ပြီး ဋ္ဌာနမှ ထုတ်ပယ်လိုက်ကြောင်း အကြောင်းကြားစာ ပို့ခဲ့ကြောင်း ပါရှိသည်။

သမ္မတ ထရမ့်၏ လုပ်ဆောင်မှုသည် ဒုတိယရှေ့နေချုပ် Rod Rosenstein နှင့် ရှေ့နေချုပ် Jeff Sessions နှစ်ဦးစလုံး၏ ရှင်းလင်းသည့် တင်ပြချက်များအပေါ် စဉ်းစားဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထရမ့်က အက်ဖ်ဘီအိုင်သည် နိုင်ငံကို ကာကွယ်စောင့်ရှောက်ပေးနေသော လေးစားဖွယ်ကောင်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ မေလ ၉ ရက်နေ့သည် တရားဥပဒေစိုးမိုးရေး မဏ္ဍိုင်သစ် စတင်သော နေ့ရက်တစ်ရက်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးအသစ်အား ခန့်အပ်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

ကိုမီအား အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး အဖြစ် ၂၀၁၃ခုနှစ်တွင် စတင်ခန့်အပ်ခဲ့ပြီး ၂၀၁၆ သမ္မတရွေးကောက်ပွဲနေ့ မတိုင်ခင် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန် ၏ အီးမေးလ်များအား စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ကြေညာခဲ့ပြီးနောက် ရွေးကောက်ပွဲ အရှုပ်အထွေးများကြားသို့ ဝင်ရောက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ ကိုမီ၏ ကြေညာချက်သည် ရွေးကောက်ပွဲရှုံးနိမ့်ရခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဟီလာရီက ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.