Connect with us

North America

ခေတ်ပေါ် လက်ကိုင်လျှပ်စစ်ပစ္စည်းများနှင့် မွေးကင်းစ ကလေးငယ်များ၏ စကားပြောနှေးခြင်း ဆက်စပ်မှုရှိနေ

ကွန်ပြူတာဖြင့် ဆော့ကစားနေသည့် ကလေးငယ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ မေ ၉ ရက် (ဆင်ဟွာ)

ခေတ်ပေါ် လူ့ အသုံးဆောင် ပစ္စည်းများဖြစ်သည့် စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် လျှပ်စစ်ဂိမ်းများဖြင့် အချိန်ကုန် ကြည့်ရှုခဲ့သော ငယ်ရွယ်သည့် ကလေးငယ်များမှာ စကားပြောနှေးသည်ကို တွေ့ရှိရကြောင်း လေ့လာမှုသစ် တစ်ခုအရ သိရသည်။

မေလ ၄ ရက်က ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်သည့် Pediatric Academic Societies နှစ်ပတ်လည် အစည်းအဝေး၌ တိုရန်တို တက္ကသိုလ်နှင့် တိုရန်တိုရှိ မကျန်းမာသည့် ကလေးငယ်များအတွက် ဆေးရုံမှ တင်သွင်းခဲ့သည့် လေ့လာမှုတွင် လက်ကိုင် လျှပ်စစ်ပစ္စည်းများဖြင့် အချိန်ကုန်ခဲ့သော အသက် ၆ လနှင့် ၂ နှစ်အတွင်းရှိ ကလေးငယ်များမှာ စကားပြော နှေးခြင်းနှင့် ဆက်စပ်မှု မြင့်မားလျက်ရှိကြောင်း ဖော်ပြထားသည်။

ကလေးငယ်ပေါင်း ၉၀၀ ဦးကျော်အား စမ်းသပ်မှု ပြုလုပ်ခဲ့ရာ ဖုန်းမျက်နှာပြင်အား နေ့စဉ် မိနစ် ၃၀ ကြာ ကြည့်ရှုခဲ့သည့် ကလေးငယ်မှာ စကားပြောနှေးမှု ၄၉ ရာခိုင်နှုန်းအထိ မြင့်လာကြောင်း သိရသည်။

“ဒီဘက် ခေတ်ကာလမှာ လက်ကိုင်ဖုန်းတွေ လက်ကိုင် လျှပ်စစ်ပစ္စည်းတွေဟာ နေရာတိုင်းမှာ ရှိနေပြီ” ဒေါက်တာ ကက်သရင်း ဘရစ်ကန်က ပြောသည်။

မွေးကင်းစမှ အသက် နှစ်နှစ်၊ သုံးနှစ် အရွယ် ကလေးငယ်များသည် ရိုးရှင်းသော ဆက်သွယ်မှုမျိုးဖြင့်သာ ထိတွေ့သင့်ကြောင်း၊ သို့သော်လည်း ခေတ်ပေါ် လက်ကိုင် လျှပ်စစ် ပစ္စည်းများဖြင့် အချိန်အများဆုံး ကုန်ဆုံးခဲ့ရသည့် ကလေးငယ်များမှာ ဆက်သွယ်မှု စွမ်းရည်များ ကျဆင်းကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ယခုလို တွေ့ရှိချက်သည် လက်ကိုင် လျှပ်စစ်ပစ္စည်းများ ကြည့်ရှုချိန်နှင့် ဘာသာစကား ဖော်ညွှန်းမှု နှောင့်နှေးခြင်းအကြား ဆက်စပ်မှုနှင့် ပတ်သက်၍ ပထမဆုံး လေ့လာတွေ့ရှိမှု ဖြစ်ပြီး မိဘများနှင့် လက်တွေ့ဖြေရှင်းမှုများအတွက် အကူအညီ လိုအပ်နေသေးကြောင်း ဘရစ်ကန်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.