Connect with us

North America

အမေရိကန်အစိုးရ က ပြည်ပ ပညာတော်သင်ကျောင်းသားများနှင့်ပတ်သက်၍  စည်းကမ်းချက်အသစ်အား ပယ်ဖျက်ပေးရန် သဘောတူ

အမေရိကန် နိုင်ငံ ရှိ ဟားဗက်တက္ကသိုလ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘော်စတွန်မြို့ရှိ ခရိုင်တရားရုံးက ဇူလိုင် ၁၄ ရက်တွင် ဟားဗက်တက္ကသိုလ် နှင့် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ တရားစွဲဆိုမှုအား အမိန့်ချမှတ်ရာ၌ ယခင် ကြေညာခဲ့သော ပညာတော်သင် ကျောင်းသားများ အပေါ် စည်းကမ်းချက် အသစ်များ ချမှတ်ခြင်း အမိန့်ကို ပယ်ဖျက်ပေးလိုက်ကြောင်း သိရသည်။ 

ဘော်စတွန် ခရိုင်တရားရုံး တရားသူကြီး က ၎င်း အနေဖြင့် နှစ်ဦးနှစ်ဖက်ထံမှ ဖြေရှင်းမှုနည်းလမ်းများကို ရရှိခဲ့ကြောင်း တရားရုံးတွင် ထုတ်ဖော်ကြေညာခဲ့သည်။အမေရိကန် နိုင်ငံ အမိမြေ လုံခြုံရေး ဝန်ကြီးဌာန လက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန်ဦးစီးဌာန က ဇူလိုင် ၆ ရက် တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ၌ ၂၀၂၀ ပြည့်နှစ် ဆောင်းဦး ကာလအတွင်း ပြည်ပ ကျောင်းသားကျောင်းသူများအနေဖြင့် အင်တာနက် (အွန်လိုင်း) မှသာ ပညာသင်ယူခဲ့ပါက အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် သို့မဟုတ် လက်ရှိ ပြည်ဝင်ခွင့် လက်မှတ်များကို ဆက်လက် ဆုပ်ကိုင်ထိန်းသိမ်းထားနိုင်လိမ့်မည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။  ယင်းကြေညာချက်ကို  ဟားဗက်တက္ကသိုလ် နှင့် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် တို့ က ဇူလိုင် ၈ ရက် တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  (Xinhua)