Connect with us

North America

အမေရိကန် နိုင်ငံ ၏ Bonhomme Richard စစ်သင်္ဘော မီးလောင်မှု အား ငြိမ်းသတ် နိုင်ခဲ့

အမေရိကန် နိုင်ငံ ၏ Bonhomme Richard စစ်သင်္ဘော မီးလောင်မှု ဖြစ်ပွား ပြီးနောက် တတိယမြောက်နေ့ တွင် မီးငြိမ်းသတ်မှု ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

လော့စ်အိန်ဂျယ်လိစ် ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

Bonhomme Richard စစ်သင်္ဘော ပေါ် တွင် ဖြစ်ပွား နေသည့် အကြီးစား မီးလောင်မှု က ၄ ရက်ကြာ လောင်ကျွမ်း ခဲ့ပြီးနောက် တွင် ငြိမ်းသတ် နိုင်ခဲ့ကြောင်း အမေရိကန် နိုင်ငံ ရေတပ် က ဇူလိုင် ၁၆ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ အမှတ် (၃) နယ်ဝေး တိုက်ခိုက်ရေး အုပ်စု တပ်မှူး Philip Sobeck က ထုတ်ပြန်ကြေညာချက် တွင် Bonhomme Richard စစ်သင်္ဘော ပေါ် တွင် လောင်ကျွမ်းနေသော မီးများ အားလုံးအား ငြိမ်းသတ် နိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊ မီးသတ် တပ်ဖွဲ့ဝင် များအနေဖြင့် ယခုချိန်တွင် စစ်သင်္ဘောပေါ် ၌ ဘက်စုံ စစ်ဆေးမှုများဆောင်ရွက်နေကြောင်း ၊ စစ်ဘက်ဆိုင်ရာ အနေဖြင့် လက်ရှိချိန်တွင် မီးလောင်ကျွမ်း ခဲ့သည့် အကြောင်းအရင်း နှင့် ပျက်ဆီးမှု အခြေအနေ နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ၊ Bonhomme Richard စစ်သင်္ဘော က ပြန်လည်ပြုပြင်နိုင်သော်လည်း အမေရိကန် နိုင်ငံ ရေတပ် အနေဖြင့် ပြန်လည် ပြုပြင်ခြင်း ပြုလုပ်မလုပ် နှင့် ပတ်သက်၍ ဆုံးဖြတ်ချက် မချရသေးကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ အမှတ် (၃) နယ်ဝေး တိုက်ခိုက်ရေး အုပ်စု တွင် ပါဝင် သည့် Bonhomme Richard စစ်သင်္ဘော က ဇူလိုင် ၁၂ ရက် နံနက်ပိုင်း အချိန် တွင် မီးလောင်မှု စတင် ဖြစ်ပွား ခဲ့ပြီး San Diego ရေတပ်စခန်း ရှိ တပ်ဖွဲ့ဝင် ရာချီ နှင့် ဒေသတွင်း ရှိ မီးသတ်တပ်ဖွဲ့ဝင် တို့က မီးငြိမ်းသတ်မှု လုပ်ငန်း ကို ဆောင်ရွက် ခဲ့ကြောင်း ၊ ရဟတ်ယာဉ်များ အနေဖြင့်လည်း စစ်သင်္ဘောပေါ် သို့ ရေတိုင်ကီ ပေါင်း ၁,၅၀၀ ကျော် ကို ပက်ဖျန်း ခဲ့ကြောင်း ၊ မီးငြိမ်းသတ်စဉ် အတွင်း ရေတပ် တပ်ဖွဲ့ဝင် ၄၀ ဦး နှင့် အရပ်ဖက် ပြည်သူလူထု ၂၃ ဦး တို့ ဒဏ်ရာရရှိခဲ့ကြောင်း Philip Sobeck က ပြောကြား ခဲ့သည်။

Bonhomme Richard စစ်သင်္ဘော က တန်ချိန် ၄ သောင်းကျော် ရှိပြီး တပ်ဖွဲ့ဝင် တစ်ထောင်ခန့် ပါဝင် သည့် စစ်သင်္ဘော တစ်စင်း ဖြစ်ကာ ၁၉၉၈ ခုနှစ် တွင် စတင် တာဝန်ထမ်းဆောင် ခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ် တွင် San Diego ရေတပ်စခန်း ၌ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း စတင် ဆောင်ရွက် ခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား ချိန် က အဆင့်မြှင့်တင်ခြင်း လုပ်ငန် ပြီးဆုံးခါနီးချိန် ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)