Connect with us

North America

အမေရိကန် သမ္မတ အိုဘားမား မတ်လအတွင်း ကျူးဘားသို့ သွားမည်

အမေရိကန် သမ္မတ ဘားရတ် အိုဘားမား (ယာ) နှင့် ကျူးဘား သမ္မတ Raul Castro (ဝဲ) တို့အား ၂၀၁၅ ခုနှစ် ဧပြီလ ၁၁ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ဘားရတ် အိုဘားမားသည့် မတ်လ ၂၁ ရက်မှ ၂၂ ရက်အထိ ကျူးဘားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီလ ၁၈ ရက်၌ ကြေညာခဲ့သည်။

“ကျူးဘားနဲ့ ပုံမှန် ဆက်ဆံရေး အခြေအနေကို ပြန်လည် တည်ထောင်နိုင်အောင် သမ္မတ လုပ်ဆောင်မည်” ဟု အိမ်ဖြူတော်က ဆိုသည်။

သမိုင်းတွင်မည့် ခရီးစဉ် တစ်ခုဟု ခေါ်ဆိုထားသည့် ထုတ်ပြန်ချက်၌ အဆိုပါ ခရီးစဉ်မှာ နှစ်ပေါင်း ၉၀ နီးပါး အမေရိကန်အတွင်း သမ္မတ တစ်ဦး အနေဖြင့် ပထမဆုံး သွားရောက်မည် ဖြစ်ပြီး အိုဘားမား ကတိပြုထားသည့် အမေရိကန်- ကျူးဘား ဆက်ဆံရေး ကဏ္ဍသစ်အား ပုံဖော်ရန်လည်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

၁၉၂၈ ခုနှစ်က ကျူးဘားနိုင်ငံ ဟာဗားနား၌ ပြုလုပ်သည့် ခြောက်ကြိမ်မြောက် အာဖရိက နိုင်ငံများ၏ နှစ်ပတ်လည် အစည်းအဝေးသို့ အမေရိကန် သမ္မတ Calvin Coolidge တက်ရောက်ခဲ့ခြင်းမှာ နှစ်နိုင်ငံ ဆက်ဆံရေး နောက်ဆုံး ဖြစ်သည်။

သမ္မတဟောင်း ဂျင်မီ ကာတာက ရာထူးမှ အနားယူပြီး နှစ် ၂၀ အကြာတွင် ကျူးဘား ခေါင်းဆောင်ဟောင်း ဖီဒယ် ကက်စထရို၏ ဖိတ်ကြားချက်ဖြင့် ကျူးဘားသို့ သွားရောက် လည်ပတ်ခဲ့သေးသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ၌ သမ္မတ အိုဘားမားက ကျူးဘားနှင့် ဆက်ဆံရေး ပြန်လည် စတင်ရန် ကြေညာခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံ မြို့တော်များ၌ သံရုံးများ အပြန်အလှန် ပြန်လည် ဖွင့်လှစ်ခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117