Connect with us

North America

အမေရိကန် နိုင်ငံ ဂျော်ဂျီယာ ကမ်းလွန်၌ ကုန်တင်သင်္ဘော တိမ်းမှောက်မှု ဖြစ်ပွား ၊ လူလေးဦး ပျောက်ဆုံးနေ

ဂျော်ဂျီယာ ကမ်းလွန်၌ တိမ်းမှောက်ခဲ့သော ကုန်တင် သင်္ဘောအား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဝါရှင်တန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဂျော်ဂျီယာ ပြည်နယ်၏ ကမ်းလွန်၌ ကုန်တင် သင်္ဘော တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ ပြီးနောက် ပျောက်ဆုံးနေသည့် လူလေးဦးအား ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

ချာလက်စတုန်း ကမ်းခြေစောင့် တပ်ဖွဲ့တပ်မှူး John Reed က Golden Ray အမည်ရှိ ယင်းသင်္ဘောပေါ်တွင် လူ ၂၄ ဦး လိုက်ပါလာခဲ့ပြီး တိမ်းမှောက်ချိန်တွင် ၂၀ ဦးအား ကယ်ဆယ် နိုင်ခဲ့ကြောင်း ၊ လေးဦးမှာ ပျောက်ဆုံး နေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောသည် ဆဗန်းနား(Savannah)မြို ့၏ တောင်ဘက် ၁၃၀ ကီလိုမီတာ အကွာတွင် တိမ်းမှောက် မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသင်္ဘောမှာ မီးလောင်နေခြင်းကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ရပ်ဆိုင်းထားကြောင်း တပ်မှူး John Reed က စက်တင်ဘာ ၈ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သင်္ဘောဆယ်ယူရေး ကျွမ်းကျင်ပညာရှင်များက အဆိုပါ သင်္ဘော တည်ငြိမ်သော အခြေအနေသို့ ရောက်ရှိ သည် နှင့် တစ်ပြိုင်နက် သင်္ဘောပေါ်တွင် ကျန်ရှိနေသေးသော သင်္ဘောသား လေးဦးကို ဆက်လက်ရှာဖွေရန် အကောင်းဆုံးကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်အား တာဝန်ရှိသူများက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီး ယခုအချိန်ထိ လေထုညစ်ညမ်းမှုကြောင့် သင်္ဘော အန္တရာယ် ကျရောက် ခဲ့ရသည် ဆိုသည့် အချက်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိသေးပေ။(Xinhua)