Connect with us

North America

အမေရိကန် နိုင်ငံ ဒေသ အများအပြား တွင် “လူမဲများ ၏ အသက် အတွက် သပိတ်မှောက်ခြင်း” ဟူသည့် ဆန္ဒပြပွဲများ ဖြစ်ပွား

အမေရိကန် နိုင်ငံ တွင် ယခင်က ဖြစ်ပွား ခဲ့သော ဆန္ဒပြပွဲတစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဒေသ အများအပြား တွင် ဇူလိုင် ၂၀ ရက် က “လူမဲများ ၏ အသက် အတွက် သပိတ်မှောက်ခြင်း” ဟူသည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်းနှင့် ယင်း ဆန္ဒပြပွဲကို ဆေးဘက်ဆိုင်ရာ ၊ လမ်းပန်းဆက်သွယ်ရေး ၊ ဆောက်လုပ်ရေး နှင့် စားသောက်ဆိုင် လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် ပြည်သူများ ပူးပေါင်း ပါဝင်ခဲ့ကြောင်း နှင့် “လူမဲများ ၏ အသက် အတွက် သပိတ်မှောက်ခြင်း” သည် လူမျိုးရေးဝါဒ နှင့် စီးပွားရေး မညီမျှမှု အပေါ် အခြေခံ၍ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံ သတင်းမီဒီယာများ ၏ ဖော်ပြချက်အရ ဇူလိုင် ၂၀ ရက် တွင် ဝါရှင်တန် ၊ နယူးယောက် ၊ ဆန်ဖရန်စစ္စကို စသည့် မြို့ပေါင်း ၂၀ ကျော် တွင် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး  ယင်းဆန္ဒပြပွဲများတွင်  အလုပ်သမား အဖွဲ့အစည်းပေါင်း ၆၀ ခန့် ပါဝင် ခဲ့ကြောင်း ၊ ဆန္ဒပြပွဲ စီစဉ်သူများက ယင်းဆန္ဒပြပွဲသို့ လိုက်ပါနိုင်ခြင်းမရှိသူများအနေဖြင့် မွန်းလွဲပိုင်းတွင် ဒူးထောက်၍ ဝမ်းနည်းကြောင်း ဖော်ပြမှု သို့မဟုတ် လုပ်ငန်းခွင် မှ ကြာချိန် ၈ မိနစ် ၄၆ စက္ကန့် ထွက်ခွာခြင်းဖြင့် ပြီးခဲ့သော မတ် ၂၅ ရက်က အမေရိကန် ရဲအရာရှိတစ်ဦး၏ ဒူးဖြင့်  ၈ မိနစ် ၄၆ စက္ကန့် ကြာ ဖိထားမှုကြောင့် သေဆုံးခဲ့ရသည့် အမေရိကန် နိုင်ငံသား George Floyd အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ကြရန် ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲစီစဉ်သူများက အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ပိုမိုဆိုးရွားလာသည်နှင့် အမျှ စီးပွားရေး မညီမျှမှု နှင့် လူမျိုးရေး ခွဲခြားဆက်ဆံမှုမှာလည်း ပိုမို ဆို

အမေရိကန် နိုင်ငံ တွင် ယခင်က ဖြစ်ပွား ခဲ့သော ဆန္ဒပြပွဲတစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ တွင် ယခင်က ဖြစ်ပွား ခဲ့သော ဆန္ဒပြပွဲတစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

းရွားလာခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ အစိုးရ နှင့် လုပ်ငန်း ရှင်များအနေဖြင့် လက်တွေ့ကျသော ဆောင်ရွက်မှုများ ပြုလုပ်ကာ လုပ်ငန်ခွင်အတွင်း လူမျိုးရေး ခွဲခြားဆက်ဆံမှု နှင့် လူဖြူဦးစားပေး နှင့် စီးပွားရေး အသုံးချမှု များကို ဖယ်ရှားနိုင်အောင် ဆောင်ရွက်စေလိုကြောင်း တောင်းဆိုခဲ့ကြသည်။ (Xinhua)