Connect with us

North America

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၅ ဦးကို သေဆုံးစေခဲ့ကြောင်း ဝန်ခံ

အမေရိကန် လေတပ် မှ အီရတ် နိုင်ငံ အတွင်း ဆောင်ရွက်ခဲ့သည့် ဗုံးကြဲတိုက်ခိုက်မှု တစ်ခု ကို မြင်တွေ့ခဲ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန က ယခုနှစ် မတ်လပိုင်းတွင် အီရတ် နိုင်ငံ မိုဆူးလ် မြို့တွင် ဆောင်ရွက်ခဲ့သော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် IS အစွန်းရောက် အဖွဲ့အစည်း မှ ကြိုတင်ဆောင်ရွက်ထားသည့် ပေါက်ကွဲစေနိုင်သော ပစ္စည်းများကို ကို ပေါက်ကွဲစေခဲ့သဖြင့် အရပ်သား ၁၀၅ ဦးကို သေဆုံးစေခဲ့ကြောင်း မေလ ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ယခုနှစ် မတ်လ ၁၇ ရက်နေ့၌ အမေရိကန် တပ်ဖွဲ့သည် မိုဆူးလ် မြို့ အနောက်ပိုင်းရှိ အဆောက်အဦ တစ်ခု ကို GBU-38 အထူးဗုံးလက်နက် ဖြင့် တိုက်ခိုက်ခဲ့ရာတွင် IS တို့မှ ဆောင်ရွက်ထားသည့် ဗုံးကို ထပ်ဆင့် ပေါက်ကွဲမှု ဖြစ်စေခဲ့ပြီး အဆောက်အဦ အတွင်းရှိ အရပ်သား ၁၀၁ ဦး နှင့် အနီးပတ်ဝန်းကျင် ရှိ အရပ်သား ၄ ဦးကို သေဆုံး စေခဲ့ကြောင်း ၊ ထို့ပြင် မျက်မြင်သက်သေ နှင့် မီဒီယာ များ၏ ဖော်ပြချက်အရ အဆောက်အဦ အတွင်းရှိ အရပ်သား ၃၆ ဦးသည် ယခုချိန်ထိ တွေ့ရှိခြင်း မရှိသေးကြောင်း ပါဝင် ခဲ့သည်။

ယင်း အမှုကို စုံစမ်းစစ်ဆေးရန် တာဝန်ယူထားသည့် အမေရိကန်လေတပ် မှ တာဝန်ရှိသူက သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် တပ်ဖွဲ့ နှင့် အီရတ် တပ်ဖွဲ့ တို့မှ ဗုံးကြဲတိုက်ခိုက်မှု မဆောင်ရွက်မီ အဆောက်အဦ အတွင်း၌ အရပ်သား များရှိနေသည် ကို မသိရှိခဲ့ရကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ ဧပြီ လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ၂၀၁၄ ခုနှစ် သြဂုတ်လ မှ ၂၀၁၇ ခုနှစ် မတ်လ အထိ အမေရိကန် နိုင်ငံ နှင့် မဟာမိတ်တပ်ဖွဲတို့မှ အီရတ် နိုင်ငံ နှင့် ဆီးရီးယား နိုင်ငံ အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပေါင်း အကြိမ် ၂ သောင်းကျော် ပြုလုပ်ခဲ့ပြီး အရပ်သား ၃၅၂ ဦးကိုသေဆုံးစေခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။သို့သော ဤထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည့် အရပ်သား သေဆုံးစေမှု အရေအတွက်သည် မိုဆူးလ်မြို့တွင် သေဆုံးစေခဲ့သည့် အရပ်သားများကို ထည့်သွင်းထားခြင်း မရှိကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.