Connect with us

North America

ကလေးငယ် နှစ်ဦးအား သတ်မှု ဖြင့် ထောင်ကျနေသော တက္ကဆက်မှ သူနာပြုအမျိုးသမီးအား မွေးကင်းစကလေး ၆၀ဦး သေဆုံးမှုအတွက် သံသယရှိ

တက္ကဆက်သူနာပြုအမျိုးသမီး Genene Jones အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟူစတန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

လွန်ခဲ့သော ဆယ်စုနှစ် သုံးခု ကျော် က ကလေးငယ်တစ်ဦးအား သတ်ဖြတ်ခဲ့မှုဖြင့် ထောင်ကျခဲ့သည့် တက္ကဆက်ပြည်နယ်မှ သူနာပြုအမျိုးသမီးသည် နောက်ထပ် ကလေးငယ်အား သတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံရပြီး ၎င်းသည် မွေးကင်းစ ကလေးငယ် ၆၀ဦး သေဆုံးမှု အတွက် တာဝန်ရှိသူတစ်ဦး ဖြစ်လာနိုင်ကြောင်း AFP သတင်းဋ္ဌာန က မေ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

၁၉၈၂ခုနှစ်တွင် အသက် ၁၁လအရွယ် Joshua Sawyer အား အာရုံကြောရောဂါကုသသည့် ဆေးတစ်မျိုးဖြစ်သော Dilantin အား သေစေနိုင်လောက်သည့် ပမာဏအထိ ဆေးထိုးပြီး သတ်ဖြတ်ခဲ့မှု ဖြင့် သူနာပြု Genene Jones အား ဂျူရီလူကြီးအဖွဲ့က မေလ ၂၅ ရက်နေ့တွင် စွပ်စွဲပြစ်တင်ခဲ့ကြောင်း သိရသည်။ ဆေးထိုးသတ်ခဲ့သည့်အချိန် တွင် Genene Jones သည် တက္ကဆက်ပြည်နယ် ရှိ Bexar စီရင်စု ဆေးရုံ၏ ကလေးအထူးကြပ်မတ်ဆောင်တွင် သူနာပြုအဖြစ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

“သေမင်းနတ်သမီး” ဟုလူသိများသည့် အသက် ၆၆နှစ် အရွယ် သူနာပြု Genene Jones အား အသက် ၁၅လအရွယ် Chelsea McClellan ကို ၁၉၈၄ခုနှစ်တွင် သတ်ဖြတ်ခဲ့မှုဖြင့် ထောင်ဒဏ် ၉၉နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ၄ပတ်သားအရွယ် Rolando Santos အား သွေးကျဲဆေးတစ်မျိုးဖြစ်သည့် Heparin ဆေးဖြင့် ဆေးထိုးသတ်ခဲ့မှုကြောင့် ထိုနှစ်နောက်ပိုင်း၌ ထောင်ထဲတွင် ထောင်ဒဏ် နှစ်၆၀ ထပ်မံချမှတ်ခံရကြောင်း သိရသည်။

ယခုအခါတွင် Jones သည် ၎င်း၏ ထောင်ဒဏ်အသီးသီးကို အမေရိကန်နိုင်ငံ တောင်ပိုင်း တက္ကဆက်ပြည်နယ် ဂိတ်စ်ဗယ်လီ ရှိ အကျဉ်းထောင်တစ်ခု၌ စုပေါင်းကျခံနေဆဲ ဖြစ်သော်လည်း ၎င်းအား ပြစ်ဒဏ်ချမှတ်ခဲ့သည့် အချိန်တွင် သက်ရောက်မှုရှိခဲ့သော ဥပဒေတစ်ခုအရ Jones သည် ၂၀၁၈ခုနှစ် မတ်လတွင် အကျဉ်းထောင်မှ လွတ်မြောက်လာမည်ဖြစ်ကြောင်း သိရသည်။

Bexar စီရင်စု ရှိ ခရိုင်ရှေ့နေရုံး၏ ထုတ်ပြန်ချက်အရ Jones သည် မွေးကင်းစကလေးငယ် ၆၀ဦးအထိ သတ်ဖြတ်ခဲ့သည့်အမှု ၏ သံသယရှိသူ ဖြစ်ကြောင်း ဖော်ပြထားသည်။

ခရိုင်ရှေ့နေ Nico LaHood က “သူမဟာ တကယ့်မကောင်းဆိုးဝါး တစ်ကောင်ဖြစ်ပြီး သူမကျုးလွန်ခဲ့တဲ့ အပြစ်တွေအတွက် တာဝန်ယူရမှာပါ။ ကျွန်တော်တို့ ရှေ့နေရုံးကလည်း Jones ကြောင့် သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေအတွက် တရားမျှတမှုရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ဦးတည်ချက်ကလည်း တရားမျှတမှုပဲဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

Jones သည် ဥပဒေအရ လွတ်မြောက်လာပါက စွဲချက်အသစ်များ ဖြင့် တရားရင်ဆိုင်ရန် ၎င်းအား Bexar စီရင်စုသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။ ဂျူရီလူကြီးအဖွဲ့ က ၎င်း၏ အာမခံကြေးအား အမေရိကန်ဒေါ်လာ တစ်သန်း ချမှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.