Connect with us

North America

အမေရိကန် နိုင်ငံ ၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွားရာ ၃ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရ

သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည့် အမေရိကန် နိုင်ငံ Kansas ပြည်နယ် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဝါရှင်တန် ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁ ရက်နေ့၌ အမေရိကန် နိုင်ငံ Kansas ပြည်နယ်တွင် သေနတ် ပစ်ခတ်မှု တစ်ရပ် ဖြစ်ပွား ခဲ့ရာ ၃ ဦး သေဆုံး ခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း နှင့် သေနတ်သမား ကို လက်ရှိချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ဖေါ်ပြထားသည်။

Lawrence မြို့ ရဲတပ်ဖွဲ့ က အောက်တိုဘာ ၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် သေနတ်ပစ်ခတ်မှု သည် ဒေသစံတော်ချိန် နံနက် ၁ နာရီ ၃၉ မိနစ်ခန့်၌ ဖြစ်ပွားခဲ့ကြောင်း ၊ ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင် များသည် သေနတ်သံ ကြားရသောကြောင့် သွားရောက် စစ်ဆေးခဲ့ရာ ဒဏ်ရာရရှိထားသူ ၅ ဦး ကို တွေ့ရှိခဲ့ရကြောင်း ၊ အခင်းဖြစ်ပွား ပြီးနောက် ရဲတပ်ဖွဲ့ က ပစ်ခတ်သူ နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များဆောင်ရွက်ခဲ့ပြီး ပြည်သူလူထု အား သံသယရှိသူ ကို တွေ့ရှိပါက ရဲတပ်ဖွဲ့ထံ အကြောင်းကြားရန် အကူအညီ တောင်းခံထားကြောင်း ဖော်ပြခဲ့သည်။

သတင်းဖော်ပြချက်များအရ သေဆုံးသူ ၃ ဦးတွင် ၂ ဦးမှာ အမျိုးသားများ ဖြစ်ပြီး ၁ ဦး မှာ အမျိုးသမီး ဖြစ်ကြောင်း ၊ အသက်အရွယ်အားဖြင့် ၂၀ နှစ် မှ ၂၄ နှစ် အတွင်းရှိ လူငယ်များ ဖြစ်ကြပြီး ဒဏ်ရာရရှိသူ ၂ ဦး မှာ လည်း အသက်အန္တရာယ် စိုးရိမ်ရကာ လက်ရှိချိန်တွင် ဆေးရုံ၌ အရေးပေါ် ကုသမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.