Connect with us

North America

အမေရိကန်၌ တရားမဝင် ဝင်ရောက်လာသူ ၅ဝဝ ကျော်ကို ဖမ်းဆီး

အမေရိကန်နိုင်ငံ၌ တရားမဝင် ဝင်ရောက်လာသူတစ်ဦးအား ရဲတပ်ဖွဲ့ က ဖမ်းဆီးနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်အခွန် စိစစ်ရေး ဌာန(ICE) သည် ၄ရက်ကြာပြုလုပ်သော တရားမဝင် ဝင်ရောက်လာသူများအား ဖမ်းဆီးနှိမ်နင်းရေး စီမံချက်အတွင်း နိုင်ငံခြားသား ၄၉၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာများက စက်တင်ဘာလ ၃ဝရက်တွင် ဖော်ပြခဲ့သည်။

“ မြို့တော်လုံခြုံရေး” စီမံချက်ဟု အမည်ပေးထားသော တရားမဝင် ဝင်ရောက်သူများအား ဖမ်းဆီးသည့် စစ်ဆင်ရေးအတွင်း အမေရိကန်နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၁ဝ မြို့တွင်ပြုလုပ်ခဲ့ရာ ကမ္ဘာ့နိုင်ငံပေါင်း ၄၂ နိုင်ငံမှ တရားမဝင် ဝင်ရောက်လူသူများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ICE ၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံ၏ အရှေ့ပိုင်း ဗီလ်ဒဲဖီးယားမြို့တွင် ၁ဝ၇ ဦး နှင့် လောစ့်အိန်ဂျလိစ်မြို့တွင် ၁ဝ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ၊ မက်ဆာချူးဆက် ၊ ဒန်ဗာမြို့၊ နယူးယောက်မြို့၊ ဆီးတဲလ်မြို့၊ ဆန်တာကလာရာမြို့၊ဘာတီမိုးမြို့၊Cook မြို့နှင့် ဝါရှင်တန်ဒီစီမြို့များတွင် သုံးဦး မှ ၁ဝ ဦးအထိ အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအနက် ၃၁၇ ဦးမှာ ရာဇဝတ်မှုကျူးလွန်ထားသူများဖြစ်ကြောင်း ၊ ၁ဝ၄ ဦးမှာ ယခင်က နယ်နှင်ခံထားရသူများဖြစ်ကြောင်း ၊ ၆၈ ဦးမှာ လူဝင်မှုကြီးကြပ်ရေးမှ ထွက်ပြေးလွတ်မြောက်နေသူများဖြစ်ကြောင်း နှင့် ၁၈ ဦးမှာ လူဆိုးဂိုဏ်းဝင်များဖြစ်ကြောင်း ICE ကဆိုသည်။

အမေရိကန်နိုင်ငံ၌ လစ်ဘရယ်နိုင်ငံရေးဝါဒ ကြီးစိုးသည့် ဒေသများတွင် ပြည်ထောင်စုအစိုးရ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို တားဆီးရန် ကြိုးပမ်းနေသော်လည်း သမ္မတဒေါ်နယ်ထရမ့် တက်လာခဲ့သည့်အချိန်ကတည်းက နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူများကို ပြင်းပြင်းထန်ထန် ဖမ်းဆီးနှိမ်နင်းလျက်ရှိကြောင်း သိရသည်။(Xinhua)