Connect with us

North America

အမေရိကန် ရှိ ပြည်တွင်း သတင်းစာတိုက်တစ်ခုတွင် ပစ်ခတ်မှုကြောင့် လူ၅ဦးသေဆုံး၊ တရားခံအား ဖမ်းဆီးထိန်းသိမ်းထား

သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အမေရိကန်သတင်းစာတိုက်အနီးသို့ ရဲတပ်ဖွဲ့ဝင်များ နှင့် ရဲကားများ ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့ပိုင်း မယ်ရီလန်းပြည်နယ် မြို့တော် အန်နာပိုလစ်မြို့ ရှိ Capital Gazette ပြည်တွင်းသတင်းစာတိုက် တွင် ဇွန် ၂၈ ရက် နေ့လည်ပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၅ဦးသေဆုံးပြီး အခြားလူ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဒေသခံရဲတပ်ဖွဲ့က သေနတ်သမားအား ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်းပြောကြားခဲ့ပြီး တရားခံ၏ ကိုယ်ရေးအချက်အလက်များကိုမူ ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

ကနဦး တွေ့ရှိချက်များအရ သေနတ်သမားသည် ပစ်ခတ်မှုအား တစ်ဦးတည်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

သတင်းစာတိုက်မှ သတင်းထောက်တစ်ဦးဖြစ်သူ Phil Davis က သေနတ်သမားသည် ဖန်တံခါးကို ဖြတ်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများသည် ၎င်း သေနတ်ကျည်ကပ်ပြန်ဖြည့်နေသည်ကိုပင် ကြားခဲ့ကြကြောင်း နှင့် လူအများအပြား ကျည်ဆန်ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက သေနတ်သမားသည် အကြိမ်ပေါင်းများစွာ ပစ်ခတ်ပြီးနောက် ပစ်ခတ်မှုကို ရပ်တန့်ခဲ့ကြောင်း နှင့် မည်သည့်အကြောင်းကြောင့် ရပ်တန့်ခဲ့ခြင်းကိုမူ သိရှိခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ပစ်ခတ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့ကြောင်း အိမ်ဖြူတော် ဒုတိယသတင်းရေးရာအတွင်းရေးမှူး Lindsay Walters က ပြောကြားခဲ့သည်။

ထရမ့်က သေနတ်ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများ နှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ဝမ်းနည်းကြေကွဲရပြီး ၎င်းတို့အတွက် ဆုတောင်းပေးပါကြောင်း နှင့် အခင်းဖြစ်ပွားရာတွင် ပထမဆုံး တုံ့ပြန်ဆောင်ရွက်ပေးခဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း တွစ်တာ၌ရေးသားခဲ့သည်။

Capital Gazette သတင်းစာတိုက်အား ဘယ်တီမော်မြို့ရှိ Baltimore Sun သတင်းစာတိုက်မှပိုင်ဆိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.