Connect with us

North America

အီရန်အပေါ် ပိတ်ဆို့မှုများကို ဥရောပသမဂ္ဂက ရှောင်လွှဲလုပ်ဆောင်နေခြင်းက လက်မခံနိုင်စရာဖြစ်သည်ဟု အမေရိကန်ကဆို

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeoအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

အီရန်အပေါ် ပိတ်ဆို့မှုများကို ဥရောပသမဂ္ဂ(အီးယူ)က ရှောင်လွှဲ လုပ်ဆောင်နေခြင်းသည် လက်မခံ နိုင်စရာ ဖြစ်သည်ဟု အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeoက စက်တင်ဘာ ၂၅ ရက် တွင် ပြောကြားခဲ့သည်။

အီးယူ၏လုပ်ဆောင်ချက်တွေက စိတ်ပျက်ဖွယ်ကောင်းကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာ အီရန်ကို အားပေးအားမြှောက်လုပ်ရာရောက်ကြောင်း ၊ အီးယူနိုင်ငံများအနေဖြင့် အီရန်ကို ဖိအားပေး လုပ်ဆောင်မှုများ လုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း Mike Pompeoက နယူးယောက် တွင် ကျင်းပသည့် အီရန်ရေးရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အီရန်သမ္မတ Hassan Rouhani က အမေရိကန်လုပ်ဆောင်နေသည့် ပိတ်ဆို့မှုများမှာ စီးပွားရေး အကြမ်းဖက်မှုဖြစ်ကြောင်း ၊ အမေရိကန်သည် နိုင်ငံတကာ အတွေးအမြင်စနစ်များကို မြင်ကွယ်ပြုချင် သလိုပြုနေသည့် လုပ်ဆောင်ချက်များသည် တစ်ကမ္ဘာလုံးကို အန္တရာယ်ဖြစ်စေ ကြောင်း ကုလသမဂ္ဂ ညီလာခံအစည်းအဝေးတွင် ဝေဖန်ပြောဆိုလိုက်သည်။

အီးယူကုမ္ပဏီလုပ်ငန်းများအနေဖြင့် အမေရိကန်၏ပိတ်ဆို့မှုများကို ရှောင်လွှဲပြီး အီရန်နှင့်တရားဝင် ကုန်သွယ်ရေးများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အီးယူ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Federica Mogherini က စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။

ယခုနှစ် မေလတွင် အီရန် နျူကလီးယား သဘောတူညီချက်မှ အမေရိကန် နှုတ်ထွက်မည်ဟု သမ္မတ ထရန့် ကြေညာပြီးနောက် သြဂုတ်လတွင် စတင်ကာ အီရန်၏ ဘဏ္ဍာရေး၊ သတ္တု၊ မော်တော်ယာဉ်စ သည်တို့ကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ နိုဝင်ဘာလတွင် အီရန်၏ စွမ်းအင် လုပ်ငန်းနှင့် ရေနံ ကုန်သွယ်မှု များကို ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန်နိုင်ငံသည် အမေရိကန်၊ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမဏီ နိုင်ငံများနှင့် အီရန်နျူကလီးယား သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသဘောတူညီချက် အရ အီရန်နိုင်ငံအနေဖြင့် နျူကလီးယားအစီအစဉ်ကို ကန့်သတ်မည်ဟုကတိပြုခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်း အနေဖြင့် ပိတ်ဆို့မှုများ ဖယ်ရှားပေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။အီရန်သည် နျူကလီးယားသဘောတူညီချက်ကို လိုက်နာဆောင်ရွက်နေဆဲဖြစ်ပြီး နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ(International Atomic Energy Agency,IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် ပြုလုပ်နေကြောင်း ၎င်း အေဂျင်စီ၏ ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၀ ရက် တွင် ထုတ်ပြန်သည့် အစီရင်ခံစာက ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.