Connect with us

North America

တရုတ်နိုင်ငံ နိုင်ငံတော်ကော်စီဝင် နှင့် IMF ဥက္ကဋ္ဌတို့တွေ့ဆုံ၍ နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး၊ WTO ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များ ဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အားတွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ညွှန်ကြားရေးမှူးချုပ် Christine Lagarde နှင့် စက်တင်ဘာ ၂၆ ရက်တွင် တွေ့ဆုံခဲ့ပြီး နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးမှု စကားဝိုင်းအတွင်း ဝမ် က နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု၊ လွတ်လပ်စွာ ကုန်သွယ်မှု၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများ နှင့် ဥပဒေများအပေါ် ထောက်ခံသည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို အလေးပေးပြောကြားခဲ့သည်။

ဝမ်က နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှု အား ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတကာမှ ကြိုးပမ်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် ပြောကြားခဲ့သည်။

ဝမ်၏ ပြောဆိုဆွေးနွေးမှုအပြီး Lagarde က နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှု နှင့် နိုင်ငံတကာ ကုန်သွယ်ရေး အား ထောက်ခံမှုသည် IMF၏ မူဝါဒများအနက် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက နိုင်ငံတကာအသိုင်းအဝိုင်းသည် နိုင်ငံပေါင်းစုံပါဝင်သော ကုန်သွယ်ရေးစနစ်ကို ခိုင်မာစွာထောက်ခံသင့်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုများ ဖြင့် အငြင်းပွားမှုများကိုဖြေရှင်းပြီး နိုင်ငံတကာကုန်သွယ်ရေး၏ စည်းမျဉ်းစည်းကမ်း ဥပဒေသများဖြင့် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

WTO အဖွဲ့အစည်း ပြုပြင်ပြောင်းလဲမှု နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ဝမ်က အဖွဲ့ဝင်အားလုံး၏ အကျိုးစီးပွား နှင့် ဆက်စပ်နေကတည်းက ပြုပြင်ပြောင်းလဲမှုသည် ပွင့်လင်းမြင်သာပြီး သာတူညီမျှ ပါဝင်နိုင်သင့်ကြောင်း အဆိုပြုပြောကြားခဲ့သည်။

ဝမ်က WTO အဖွဲ့အစည်း အဖွဲ့ဝင်များအားလုံး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ထင်မြင်ယူဆချက်များကို ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ နိုင်ငံတကာကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုတွင် WTO သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.