Connect with us

North America

အမေရိကန်နိုင်ငံတွင် လိင်တူ လက်ထပ်ခွင့် ထောက်ခံမှု အမြင့်ဆုံး စံချိန်ရရှိ

အမေရိကန်နိုင်ငံ မန်ဟက်တန်၌ ၂ဝ၁၅ ခုနှစ် ဇွန်လ ၂၈ ရက်က ပြုလုပ်ခဲ့သော လိင်တူ ချစ်သူပွဲ အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၂ဝ ရက် (ဆင်ဟွာ)

အမေရိကန် ပြည်သူ ၆၁ ရာခိုင်နှုန်းက လိင်တူ လက်ထပ်ခွင့်ကို အသိအမှတ်ပြုသည့် ဥပဒေ ပြဌာန်းရေးကို ထောက်ခံကြောင်း မေလ ၁၉ ရက်တွင် ထုတ်ပြန်သည့် ရွေးကောက်ပွဲ အကြို လူထု စစ်တမ်းတွင် ဖော်ပြထားသည်။

၎င်းအရေအတွက်သည် ၁၉၉၆ ခုနှစ် နောက်ပိုင်း လိင်တူ လက်ထပ်ခွင့်ကို ထောက်ခံသည့် အမြင့်ဆုံး စံချိန်တစ်ရပ်ဖြစ် ကြောင်းသိရသည်။ အမေရိကန် နိုင်ငံတွင် ပြီးခဲ့သော ဆယ်စုနှစ် ၂ ခု အတွင် လိင်တူ လက်ထပ်ခွင့် ထောက်ခံမှုသည် ၂ ဆကျော်ထိ မြင့်တက် ခဲ့သည်။

လိင်တူ လက်ထပ်ခွင့်နှင့် ပတ်သက်ပြီး ၁၉၉၆ ခုနှစ်က ကောက်ယူခဲ့သော ရွေးကောက်ပွဲ အကြို လူထု စစ်တမ်းတွင် ၂၇ ရာခိုင်နှုန်းသာ ဥပဒေအရ အသိအမှတ် ပြုသင့်ကြောင်း ထောက်ခံမှု ပေးခဲ့ကြသည်။ ၂ဝ၁၁ ခုနှစ်တွင် ကောက်ယူခဲ့သည့် စစ်တမ်းတွင် ထောက်ခံမှုအရေ အတွက် ပထမဆုံးအကြိမ် အဖြစ် အမြင့်ဆုံး ရောက်ရှိခဲ့သည်။

၂ဝ၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် လိင်တူ လက်ထပ်ခွင့် ကိစ္စသည် အဓိက လူမှုရေးကိစ္စ တစ်ခုအဖြစ် မဲဆွယ် လုပ်ငန်းစဉ်တွင် ပါဝင်လာခြင်းမရှိပေ။ ယင်းကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် နိုင်ငံ၏ ဖွဲ့စည်းပုံတွင် အမျိုးသား နှင့် အမျိုးသမီး လက်ထပ်ခွင့် ဆိုသည့် အနက်ကို ပြင်ဆင်ရန် အသီးသီး ပြောဆိုနေကြသော ရီဗာပလီကန် သမ္မတလောင်း အဖြစ် တစ်ပြေးနေသည့် ဒေါ်နယ်ထရမ့် ကိုယ်တိုင် အခြား ရီဗာပလီကန် သမ္မတလောင်းများနှင့် အတူ နှုတ်ဆိတ် နေခဲ့သည်။

ဒေါ်နယ်ထရမ့်သည် လိင်တူ လက်ထပ်ခွင့်ကို ဆန့်ကျင်ကြောင်း ပြောဆိုထားသော်လည်း ၎င်း၏ မဲဆွယ် စည်းရုံးရေး အင်တာနက် စာမျက်နှာတွင် လိင်တူလက်ထပ်ခွင့် ကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိပေ။ လိင်တူချစ်သူ ရီဗာပလီကန် အဖွဲ့ချုပ်ကမူ “ လိင်တူ ချစ်သူများနှင့် ရင်းနှီး ကျွမ်းဝင်မှု အရှိဆုံး ရီဗာပလီကန် သမ္မတလောင်း” ဟူ၍ ရည်ညွှန်း ဖော်ပြထားသည်။

လိင်တူ လက်ထပ်ခွင့်ကို အသက် ၃ဝ နှစ်အောက် လူငယ်များက အများဆုံး ထောက်ခံကြသည်။ သို့သော် အသက်အရွယ် အပိုင်းအခြား အလိုက် ထောက်ခံမှု ကျဆင်းမှုများလည်း ရှိနေသည်။ ရွေးကောက်ပွဲ အကြို လူထုစစ်တမ်းတွင် အသက် ၆၅ နှစ် အထက် လူကြီးများက လိင်တူ လက်ထပ်ခွင့်ကို ဥပဒေရ တရားဝင်ကြောင်း ထောက်ခံမှုပေးသည့် အရေအတွက်မှာ ယခုနှစ်တွင် အမြင့်ဆုံး စံချိန်ဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ အတွင်းရှိ အသက် ၆၅ နှစ် အထက် သက်ကြီးပိုင်း ၅၅ ရာခိုင်နှုန်းကျော်သည် လိင်တူ လက်ထပ်ခွင့်ကို ထောက်ခံခဲ့ကြသည်။

သို့သော် အသက် ၁၈ နှစ် မှ ၂၉ နှစ်ကြား လူငယ်များက လိင်တူ လက်ထပ်ခွင့်ကို အများဆုံး ထောက်ခံခဲ့ကြပြီး ၈၃ ရာခိုင်နှုန်းထိ ရှိကြောင်း ရွေးကောက်ပွဲ အကြို စစ်တမ်းတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.