Connect with us

North America

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ်ပိုးလမ်းမကြီးက အကြီးမားဆုံး ပလက်ဖောင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြော

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသော ကိုလံဘိုဆိပ်ကမ်းမြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်အား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုသည် ကမ္ဘာသို့ တရုတ်နိုင်ငံက ကမ်းလှမ်းထားသည့် အများပြည်သူဆိုင်ရာ ကောင်းကျိုးတစ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အဆိုပြုခဲ့သော ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုအား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အကြီးမားဆုံးပလက်ဖောင်းသို့ တိုးမြှင့်ခဲ့ကြောင်း ဝမ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ခေတ်သစ်ပိုးလမ်းမကြီးက ဆွေးနွေးညှိနှိုင်းမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် အားလုံးအတွက် အကျိုးကျေးဇူးတွေ ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ပွင့်လင်း မြင်သာမှုရှိစွာနဲ့ အားလုံးပါဝင်နိုင်ပါတယ်” ဟု ဝမ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်သူ ဝမ်က အဆိုပါဖော်ဆောင်မှုသည် နို်င်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေများအပေါ် အခြေခံထားပြီး အစိမ်းရောင်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိမှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

ယခုနှစ် စက်တင်ဘာလအထိ တရုတ်နိုင်ငံနှင့်အတူ ခေတ်သစ်ပိုးလမ်းမကြီးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးသည့် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၃၀ ကျော် ရှိပြီဖြစ်ကြောင်း နိုင်ငံတော်ကောင်စီဝင်က ဆိုသည်။

ထို့ပြင် ဝမ်က “လာမည့်နှစ်တွင် တရုတ်နိုင်ငံက ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်အား ကျင်းပမည်ဖြစ်သောကြောင့် တက်ရောက်ကြပါရန် နိုင်ငံများအားလုံးကို ကြိုဆိုပါတယ်” ဟု အထွေထွေညီလာခံ အစည်းအဝေးတွင် ဝမ်က ဖိတ်ကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.