Connect with us

North America

ကမ္ဘာပေါ် တွင် COVID-19 ရောဂါ ကူးစက်ခံရသူ လူပေါင်း သန်း ၃၀ ကျော် အထိ ရောက်ရှိကြောင်း အမေရိကန် နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ် က ထုတ်ပြန်ကြေညာ

အမေရိကန် နိုင်ငံ ရှိ အမျိုးသမီး တစ်ဦး က စက်တင်ဘာ ၁၃ ရက် ၌ နှာခေါင်းစည်း တပ်၍ သွားလာနေသည် ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက် ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၁၇ ရက် အမေရိကန် နိုင်ငံ အရှေ့ပိုင်း ဒေသစံတော်ချိန် ၁၈ နာရီ ၂၂ မိနစ် အချိန်ထိ ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း က သန်း ၃၀ ဦး ကို ကျော်လွန် ခဲ့ပြီး ၃၀,၀၀၃,၃၇၈ ဦး အထိ ရောက်ရှိလာခဲ့ကာ သေဆုံးသူဦးရေ က စုစုပေါင်း ၉၄၃,၂၀၃ ဦး အထိ ရောက်ရှိခဲ့ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ စက်တင်ဘာ ၁၇ ရက် ထုတ်ပြန်ကြေညာချက် အရ သိရှိရသည်။

ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်မှု အများဆုံး ဖြစ်ပွားခဲ့သည့် နိုင်ငံ မှာ အမေရိကန် နိုင်ငံ ဖြစ်ပြီး ကူးစက်ခံရသူ စုစုပေါင်း ၆,၆၆၉,၃၂၂ ဦး ရှိကာ သေဆုံးသူ စုစုပေါင်း ၁၉၇,၅၅၄ ဦးရှိကြောင်း ၊ ထို့ပြင် ကမ္ဘာပေါ်၌ COVID-19 ရောဂါ အများအပြား ကူးစက်မှု ဖြစ်ပွား ခဲ့သည့် အခြား နိုင်ငံများ မှာ အိန္ဒိယ ၊ ဘရာဇီး ၊ ရုရှား နှင့် ပီရူး စသည့် နိုင်ငံများ ဖြစ်ကြကြောင်း ၊ COVID-19 ရောဂါ ကြောင့် သေဆုံးမှု အများအပြား ဖြစ်ပွား ခဲ့သည့် နိုင်ငံများ မှာ ဘရာဇီး ၊ အိန္ဒိယ ၊ မက္ကဆီကို နှင့် ဗြိတိန် စသည့် နိုင်ငံများ ဖြစ်ကြကြောင်း ထုတ်ပြန်ကြေညာချက် အရ သိရှိရသည်။

ဂျွန်ဟော့ကင်း တက္ကသိုလ် မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက် သည် ကမ္ဘာ့နိုင်ငံအသီးသီး ရှိ COVID-19 ရောဂါ ဆိုင်ရာ အချက်အလက်များ ကို စာရင်းပြုစု၍ ထုတ်ပြန်ကြေညာ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရသူဦး ရေ က အလွန်လျင်မြန်စွာ မြင့်တက်လာ ခဲ့ပြီး ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ စာရင်းပြုစုချက် အရ ကမ္ဘာပေါ် တွင် ဇွန်လ ၂၈ ရက် ၌ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၀ သန်း အထိ ရောက်ရှိလာခဲ့ပြီး သြဂုတ် ၁၀ ရက် ၌ ကူးစက်ခံရသူ စုစုပေါင်း သန်း ၂၀ အထိ ရောက်ရှိခဲ့ကြောင်း ၊ ကူးစက်ခံရသူ ၁၀ သန်း မှ သန်း ၂၀ အထိ တိုးမြင့်လာသည့် ကြာချိန် က ၄၃ ရက် ဖြစ်သော်လည်း သန်း ၂၀ မှ သန်း ၃၀ အထိ တိုးမြင့်လာသည့် ကြာချိန် က အချိန် ၃၈ ရက် သာ ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။  (Xinhua)