ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်ပြက္ခဒိန်၏နှစ်သစ်ကူးကို ရောက်လာသည်နှင့်အမျှ ရန်ကုန်မြို့ရှိ တရုတ်နွယ်ဖွားများကလည်း တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။ ရန်ကုန်မြို့ရှိ တရုတ်ဘုရားကျောင်းများတွင် ဆီမီး၊ အမွှေးတိုင် ပူဇော်သူများဖြင့် စည်ကားလျက်ရှိသည်။ ထို့အပြင် ရန်ကုန်မြို့ရှိ တရုတ်တန်းအပါအဝင် ကုန်တိုက်ကြီးများတွင်လည်း တရုတ်ရိုးရာ နဂါးအက၊ ခြင်္သေ့အက ကပြဖျော်ဖြေခြင်း၊...
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ရက် (ဆင်ဟွာ) ဆွေမျိုးပေါက်ဖော် မေတ္တာ ထာဝရ၊ နွေဦးပွဲတော်နှင့်အတူ သင်းပျံ့လာသော အနာဂတ် ကြယ်ပွင့်များ၏ တည်မြဲသော ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုသည့် ပဒေသာကပွဲကို ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံတွင် ဖေဖော်ဝါရီ ၄ ရက်ကကျင်းပခဲ့သည်။ Bowen International School မှ ဦးစီးကျင်းပသည့်...
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၌ နဂါးနှင့် ခြင်္သေ့အကအဖွဲ့များသည် တရုတ်နွေဦးနှစ်သစ်ကူးပွဲတော် နီးကပ်လာချိန်တွင် ပွဲတော်အတွင်း ဖျော်ဖြေပွဲများအတွက် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်လျှက်ရှိသည်။ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ကို ကြိုဆိုဂုဏ်ပြုရန် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများသည် ၎င်းတို့၏နေအိမ်များကို အနီရောင် စက္ကူအလှညှပ် စာလုံး သင်္ကေတများ၊ အသုံးအဆောင်များ၊ နေအိမ်များတွင် ချိတ်ဆွဲသည့်...
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ တရုတ်တန်းတွင် ဖေဖော်ဝါရီ ၁၀ ရက်၌ ကျရောက်မည့် တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်မတိုင််မီ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများက နှစ်သစ်ကူးပွဲတော် ပြင်ဆင်မှုများဖြင့် ပွဲတော် အရိပ်အငွေ့များ စတင် သက်ဝင်လာနေပြီဖြစ်သည်။ (Xinhua)
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ စီစဉ်ဖွင့်လှစ်သော တရုတ်နှစ်သစ်ကူးဟင်းလျာ အချက်အပြုတ်သင်တန်းကို ဇန်နဝါရီ ၉ ရက်တွင် စတင်ခဲ့ပြီး သင်တန်းချိန် စုစုပေါင်း (၉)ချိန် စီစဉ်ထားရှိကြောင်း သိရသည်။ သင်တန်းတွင် ယူနန်ဟော့ပေါ့၊ မြေအိုးကြက်သားမှိုဟင်းရည်၊ နို့ခြောက်ကြော် အစရှိသည့် တရုတ်ယူနန်ဟင်းလျာ (၁၂)မျိုးကို သင်ကြားပြသသွားမည်...