Politics, Law & Military4 years ago
ထိန်းချုပ်ခန်းမှတစ်မြို့နယ်လုံးရှိမီတာများကိုအချိန်တိုအတွင်းဖတ်နိုင်သည့် AMI စနစ်အတွက်တင်ဒါခေါ်ယူဆောင်ရွက်မည်ဟုဆို
နေပြည်တော်၊ဇူလိုင်၂၈ရက်(ဆင်ဟွာ) လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုကိုလျော့ကျစေသည့်အပြင်မီတာဖတ်ရှုရာ၌လူကြောင့်ဖြစ်ပေါ်စေသောအမှားများပပျောက်စေရန် AMI (Advanced Metering Infrastructure) စနစ်ကိုအသုံးပြုနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊လျှပ်စစ်ဌာန၏ထိန်းချုပ်ခန်းမှတစ်မြို့နယ်လုံးရှိမီတာအားလုံးကိုအချိန်တိုအတွင်းမီတာဖတ်ရှုနိုင်သည့်အဆိုပါ AMI စနစ်ကိုတပ်ဆင်နိုင်ရန်အတွက်မကြာခင်တင်ဒါခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးခင်မောင်ဝင်းကပြည်သူ့လွှတ်တော်ယနေ့အစည်းအဝေးတွင်ပြောကြားခဲ့သည်။