Connect with us

CHINA

တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း က အီရတ် နိုင်ငံ အား ကူညီထောက်ပံ့သည့် ဒုတိယ အသုတ် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများ ရောက်ရှိ

တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း က အီရတ် နိုင်ငံ အား ကူညီထောက်ပံ့သည့် ဒုတိယ အသုတ် ထောက်ပံ့ရေး ပစ္စည်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း က အီရတ် နိုင်ငံ အား ကူညီထောက်ပံ့သည့် ဒုတိယ အသုတ် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများ သည် ဧပြီလ ၈ ရက် ညပိုင်း အချိန်တွင် အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက် သို့ ရောက်ရှိခဲ့သည်။

တရုတ် နိုင်ငံ ကြက်ခြေနီ အသင်းချုပ် မှ ယခု အကြိမ် အီရတ် နိုင်ငံ သို့ ထောက်ပံ့ပေးခဲ့သည့် ပစ္စည်းများ တွင် CT ကိရိယာ ၊ နှာခေါင်းစည်း ၊ အပူချိန်တိုင်း ကိရိယာ ၊ မျက်စိ အကာအကွယ် ပစ္စည်း နှင့် ခရမ်းလွန်ရောင်ခြည် ပိုးသတ်ကား စသည်တို့ ပါဝင်ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း က အီရတ် နိုင်ငံ အား ကူညီထောက်ပံ့သည့် ဒုတိယ အသုတ် ထောက်ပံ့ရေး ပစ္စည်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း က အီရတ် နိုင်ငံ အား ကူညီထောက်ပံ့သည့် ဒုတိယ အသုတ် ထောက်ပံ့ရေး ပစ္စည်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း က အီရတ် နိုင်ငံ အား ကူညီထောက်ပံ့သည့် ဒုတိယ အသုတ် ထောက်ပံ့ရေး ပစ္စည်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း က အီရတ် နိုင်ငံ အား ကူညီထောက်ပံ့သည့် ဒုတိယ အသုတ် ထောက်ပံ့ရေး ပစ္စည်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း က အီရတ် နိုင်ငံ အား ကူညီထောက်ပံ့သည့် ဒုတိယ အသုတ် ထောက်ပံ့ရေး ပစ္စည်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အီရတ် နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး က တရုတ် နိုင်ငံ ၏ ထပ်မံကူညီထောက်ပံ့မှု အပေါ် ကျေးဇူးတင်လိုကြောင်း ၊ တရုတ် နိုင်ငံ ၏ အီရတ် နိုင်ငံ အား လှူဒါန်းခဲ့သည့် ပထမ အသုတ် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများသည် အီရတ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး စမ်းသပ်မှု စွမ်းရည် ကို မြှင့်တင်ပေးနိုင်ခဲ့ပြီး ဒုတိယ အသုတ် လှူဒါန်းပေးသည့် ပစ္စည်းများ က အီရတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ၏ ကာကွယ်မှု စွမ်းရည်ကို ပိုမို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အီရတ် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ကျန်းထောင်း က ပြီးခဲ့သည့် တစ်လတာ ကာလ အတွင်း တရုတ် နိုင်ငံ ပညာရှင်များ က အီရတ် နိုင်ငံ တွင် သက်ဆိုင်ရာ လုပ်ငန်းများအား တက်ကြွစွာ ဆောင်ရွက် ခဲ့ပြီး အီရတ် နိုင်ငံ ရှိ ပြည်နယ် ၉ ခု အား သွားရောက်ခဲ့ကြောင်း ၊ သက်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ နှင့် နက်ရှိုင်းစွာ ဖလှယ်မှု များဆောင်ရွက်ခဲ့ကြောင်း ၊ အီရတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ နှင့် အတွေ့အကြုံများ မျှဝေပေးခဲ့ပြီး သင်တန်များ ပို့ချပေးခဲ့ကာ အီရတ်နိုင်ငံတွင် ရောဂါဓာတ်ခွဲခန်း ထူထောင်ရန် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ၊ နောက်တစ်ဆင့် အနေဖြင့် တရုတ် နိုင်ငံ ပညာရှင်များ က အီရတ် နိုင်ငံ တွင် လုပ်ငန်းဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး အီရတ် နိုင်ငံ အစိုးရ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စွမ်းရည် မြှင့်တင် နိုင်အောင် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အီရတ် နိုင်ငံ လခြမ်းနီ အသင်း ၏ တောင်းဆိုမှု အရ တရုတ် နိုင်ငံ ကြက်ခြေနီ အသင်းချုပ် က တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ပညာရှင်များအား မတ်လ ၇ ရက် တွင် အီရတ် နိုင်ငံ သို့ စေလွတ် ပေးခဲ့ပြီး ပထမ အသုတ် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ အား ပေးပို့ခဲ့ကြောင်း သိရှိရသည်။

အီရတ် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ ဧပြီ ၈ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီ အတွင်း ရောဂါ ကူးစက် ခံရသူ ၈၀ ဦး တိုးမြင့်ခဲ့ပြီး စုစုပေါင်း ၁,၂၀၂ ဦး အထိ ရောက်ရှိ ခဲ့ကြောင်း ၊ ရောဂါပိုးကြောင့် သေဆုံးသူ ၄ ဦး တိုးမြင့် ခဲ့ပြီး စုစုပေါင်း ၆၉ ဦးထိ ရောက်ရှိခဲ့ကြောင်း နှင့် ရောဂါ ပြန်လည် သက်သာကောင်းမွန်လာသူ စုစုပေါင်း ၄၅၂ ဦး ရှိကြောင်း သိရှိရသည်။  (Xinhua)