ပေကျင်း ၊ ဇွန် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံ ကြုံတွေ့နေရသည့် လက်ရှိအခက်အခဲများ နှင့် စိန်ခေါ်မှုများကို အနီးကပ်အာရုံစိုက်ခဲ့ပြီး မိမိတို့၏ လုပ်ဆောင်နိုင်စွမ်းအတွင်း သီရိလင်္ကာနိုင်ငံအား ကူညီနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယင်းမှတ်ချက်ကို...
ကိုလံဘို ၊ ဇွန် ၇ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ လက်ရှိ ဖြစ်ပေါ်နေသော စီးပွားရေးအကျပ်အတည်းကြားထဲတွင် တိရစ္ဆာန်ရုံများရှိ တိရစ္ဆာန်များအား နေ့စဉ်အစားအစာများ ထောက်ပံ့ပေးရန် ရန်ပုံငွေကုန်ဆုံးသွားကြောင်း တောရိုင်းတိရစ္ဆာန်ဝန်ကြီးဌာနအား သတ္တဗေဒဌာနက အကြောင်းကြားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
ကုလသမဂ္ဂ ၊ မေ ၁၂ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သီရိလင်္ကာနိုင်ငံရှိ အခြေအနေများနှင့်ပတ်သက်၍ အလွန်စိုးရိမ်နေကြောင်း ၎င်း၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq က မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ “ကျွန်တော်ပြောနိုင်တာကတော့ သီရိလင်္ကာနိုင်ငံရှိ အကြမ်းဖက်မှုတွေ တစ်စထက်တစ်စ ကျယ်ပြန့်လာတာနဲ့...
ကိုလံဘို ၊ မေ ၁၀ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda Rajapaksa က မြို့တော် ကိုလံဘိုမြို့၌ ၎င်းအား ထောက်ခံသူများ နှင့် အစိုးရဆန့်ကျင်သော ပြည်သူများအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဆန္ဒပြမှုများကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း မေ ၉ ရက်တွင် ကြေညာခဲ့သည်။
ကိုလံဘို ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda Rajapaksa က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အစိုးရအဖွဲ့ထံသို့ အဆိုပြုမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ ပြန်ကြားရေးဌာနက ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ကိုလံဘို ၊ မတ် ၁၆ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၏ ဓာတ်ငွေ့ကုမ္ပဏီ နှစ်ခုဖြစ်သော Litro Gas နှင့် Laugfs Gas တို့သည် ဓာတ်ငွေ့ပေးပို့မှုများ မရရှိသည့်အတွက်ကြောင့် ထုတ်လုပ်မှု နှင့် ဖြန့်ဖြူးမှုများ ရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်း မတ် ၁၆ ရက်တွင် ကြေညာခဲ့သည်။
ကိုလံဘို ၊ မတ် ၆ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ဖြင့် မှတ်ပုံတင်ထားသည့် ဒီဇယ်မော်တော်ယာဉ်များအား နိုင်ငံပိုင်ဘတ်စ်ကားဝင်းများ၌ လောင်စာဆီအား ဦးစားပေးအသုံးပြုခွင့်ပေးသွားမည် ဖြစ်ကြောင်း သီရိလင်္ကာ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက မတ် ၆ ရက်တွင် ကြေညာခဲ့သည်။ ယင်းအစီအစဉ်အတွက် အခွင့်ရှိသော မော်တော်ယာဉ်များအား အထောက်အထားစတစ်ကာ တစ်ခု ပေးသွားမည်ဟု...
ကိုလံဘို ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ဇန်နဝါရီလနှောင်းပိုင်းတွင် ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် စတင်ချိန်မှစ၍ COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ အရေအတွက် မှာ ၁၀ သန်းကျော် ရှိခဲ့ကြောင်း ဆေးဝါးများ ထုတ်လုပ်ရေး ၊ ထောက်ပံ့မှု နှင့် စည်းမျဉ်းဆိုင်ရာ...
ကိုလံဘို ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ပြီးခဲ့သည့်နှစ်မှစ၍ COVID-19 ရောဂါကူးစက်ခံရသူ ပေါင်း၂၉၆,၅၁၆ ဦး ရှိပြီး ယင်းကာလအတွင်း Quarantine စဉ်းမျဉ်း ဥပဒေ ချိုးဖောက်မှုဖြင့် ပြီးခဲ့သောနှစ် အောက်တိုဘာလမှ ယခုနှစ်ဇူလိုင် ၂၆ ရက်အထိ လူပေါင်း ၅၀,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း...
ကိုလံဘို ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များအနက် တစ်ခုဖြစ်သည့် Sri Jayewardenepura တက္ကသိုလ်မှ သုတေသီများက တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးသည် ကမ္ဘာအနှံ့ ထင်ရှားလာသော မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုး ဖြစ်သည့် Delta မျိုးဗီဇအား တိုက်ဖျက်ရာတွင် အလွန်အစွမ်းထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။