Connect with us

Uncategorized

အမေရိကန်ပိုက်လိုင်း ဆိုက်ဘာတိုက်ခိုက်ခံရမှုတွင် ပါဝင်ပတ်သတ်ခြင်းမရှိဟု ကရင်မလင်နန်းတော် ငြင်းဆို

မော်စကို ၊ မေ ၁၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ အကြီးဆုံးပိုက်လိုင်းတစ်ခုအား မကြာသေးမီက ငွေညှစ်သည့်ဆော့ဖ်ဝဲလ်အမျိုးအစား( ransomware) ဖြင့် တိုက်ခိုက်ခံရမှု နှင့်ပတ်သက်၍ ရုရှားအနေဖြင့် လုပ်စရာအကြောင်းမရှိဟု ကရင်မလင်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က မေ ၁၁ ရက်တွင် ‌ပြောကြားခဲ့သည်။“ကျွန်တော်တို့ကို စွပ်စွဲတာက လက်ခံနိုင်စရာ မရှိပါဘူး။ အမေရိကန်နိုင်ငံက ဆိုက်ဘာခြိမ်းခြောက်မှုတွေကို တုန့်ပြန့်တဲ့အခါမှာ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုတာကိုပဲ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရတယ်။”ဟု ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က နေ့စဉ်ပြုလုပ်သော ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆိုက်ဘာရာဇဝတ်မှု ဆန့်ကျင်တိုက်ဖျက်ရေးတွင် နှစ်နိုင်ငံ နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
အမေရိကန်နိုင်ငံ၌ အကြီးဆုံး သန့်စင်ပြီး ဓာတ်ဆီ နှင့် ဒီဇယ်ဆီ ထုတ်လွှတ်ပေးပို့သည့် Colonial ပိုက်လိုင်းသည် မေ ၇ ရက်က ( ransomware) ဆော့ဖ်ဝဲလ်ဖြင့် ဆိုက်ဘာတိုက်ခိုက်ခံရပြီးနောက် ယင်း၏လုပ်ငန်းလည်ပတ်မှုများအား ရပ်ဆိုင်းခဲ့ရသည်။

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒင်က ဆိုက်ဘာတိုက်ခိုက်မှုတွင် ရုရှားနိုင်ငံက ပါဝင်ပတ်သက်သည့် သက်သေအထောက်အထားမရှိဟု တနင်္လာနေ့တွင်ပြောကြားခဲ့ပြီး “ သို့ပေမယ့် ransomware နဲ့တိုက်ခိုက်သူတွေဟာ ရုရှားဆီမှာရှိနေတဲ့ သက်သေတော့ရှိပါတယ်” ဟု ပြောကြားခဲ့သည်။(Xinhua)
———————————————
(English Version)

Kremlin denies Russian involvement in U.S. pipeline cyberattack

MOSCOW, May 11 (Xinhua) — Russia has nothing to do with the recent ransomware attack on a major U.S. fuel pipeline, Kremlin spokesman Dmitry Peskov said Tuesday.
“Accusations against us are unacceptable. We can only regret that the United States refuses to cooperate with us in countering cyber threats,” Peskov told a daily briefing.
He noted that bilateral and international cooperation is essential in the fight against cybercrimes.
The Colonial Pipeline, the largest refined products pipeline in the United States, had to shut down operations after a cyberattack using ransomware was detected on Friday.
U.S. President Joe Biden said Monday that there was no evidence that Russia was involved in the attack, “although there’s evidence that the actors’ ransomware is in Russia.” ■