ပေကျင်း ၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က မတ်လ ၈ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ၁၃ကြိမ်မြောက် NPC ပထမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာ များ၏ ကိုရီးယား ကျွန်းဆွယ် အရေး နှင့် ပတ်သက်၍ မေးမြန်းမှု ကို ပြန်လည် ဖြေကြား ခဲ့ရာတွင် ငြိမ်းချမ်းရေး သည် ကြိုးပမ်း အားထုတ် မှသာ ရရှိနိုင်မည် ဖြစ်ပြီး အခွင့်အရေး ကို ဆုတ်ကိုင် နိုင်ရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

ပေကျင်း ၊ မတ် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက တောင်တရုတ်ပင်လယ်ဒေသ တွင် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် တရုတ်နိုင်ငံက ခိုင်မာစွာ နှင့် နက်ရှိုင်းစွာ ကတိပြုကြောင်း ယနေ့မတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း ၊ မတ် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက ဒေသတွင်း ပဋိပက္ခ ကိစ္စရပ်များ နှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းသော ၊ တရားမျှတသော နှင့် အပြုသဘောဆောင်သော ချဉ်းကပ်မှုမျိုးဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့မတ်လ ၈ ရက်တွင် ပြုလုပ်သည့် ၁၃ ကြိမ်မြောက် (NPC) အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။(Xinhua)

ပေကျင်း၊ မတ် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကျင်းပဆဲ ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ပထမအကြိမ်အစည်းအဝေးပွဲတွင် တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့်မားသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ရန် နှင့် ပြောင်းလဲမှုများ ဖော်ဆောင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း မတ်လ ၅ ရက်တွင် ပြောကြားလိုက်သည်။(Xinhua)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးပွဲ၌ လုပ်ငန်းအစီရင်ခံစာ တင်ပြရာတွင် ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ခိုင်မြဲစွာ လုပ်ဆောင်ခဲ့ပြီး ပြည်သူလူထုတို့၏ လူနေမှုဘဝအာမခံချက်ရရှိရေးကို အလေးထားဆောင်ရွက်ခဲ့ကာ ပြည်သူလူထု၏ လက်ခံရရှိမှုအပေါ် ကျေနပ် အားရမှု အတိုင်းအတာသည်လည်း အဆက်အပြတ် တိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မြို့ပြတွင် အိမ်ရာရှားပါးမှုအား ဖြည့်တင်းရန် ပြန်လည်တည်ဆောက်ရေး သုံးနှစ်စီမံကိန်းသစ်အား ကြေညာလိုက်ပြီး ယခုနှစ်အတွင်း အိမ်ရာ ၅.၈ သန်း စတင် ဆောက်လုပ်မည် ဖြစ်ကြောင်း အစိုးရ၏ လုပ်ငန်း အစီရင်ခံစာအရ သိရသည်။

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံ၏ ဈေးကွက် ပိုမိုပွင့်လင်းစေရန် ရည်ရွယ်ကာ သွင်းကုန်ကဏ္ဍအား တက်ကြွစွာ တိုးချဲ့သွားမည် ဖြစ်ကြောင်း မတ်လ ၅ ရက်က နှစ်ပတ်လည် အစည်းအဝေးသို့ တင်သွင်းသည့် အစိုးရ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကာကွယ်ရေးဘတ်ဂျက်အား ယခင်နှစ်က ၇ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်အတွင်း ၈.၁ ရာခိုင်နှုန်းသို့ တိုးမြှင့်မည်ဖြစ်ကြောင်း အမျိုးသား ပြည်သူ့ ကွန်ဂရက်သို့ မတ်လ ၅ ရက်တွင် တင်သွင်းလိုက်သည့် ဘဏ္ဍာရေး အစီရင်ခံစာ၌ ဖော်ပြထားသည်။

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်နိုင်ငံသည် ကျတ်တီးမြေများမှ ပြောင်းရွှေ့လာသည့် ပြည်သူ ၂.၈သန်းအပါအဝင် ကျေးလက်နေပြည်သူ ၁၀သန်းကျော်အား ဆင်းရဲနွမ်းပါးသည့် ပြည်သူများအဖြစ်မှ လွတ်မြောက်အောင် ထပ်မံလျှော့ချသွားမည်ဟု မတ် ၅ရက်တွင်ပြောခဲ့သည်။

ပေကျင်း၊ မတ် ၅ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၎င်း၏ အထွေထွေစက်မှုကဏ္ဍ အား ပြီးပြည့်စုံစွာ ဖွင့်လှစ်ပေးပြီး အခြားသော ကဏ္ဍများတွင်လည်း ပါဝင်ခွင့်အား တိုးမြှင့်ပေးခြင်းဖြင့် ၂၀၁၈ခုနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများစွာ လမ်းဖွင့်ပေးထားကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၅ ရက်တွင်ပြောကြားခဲ့သည်။