Connect with us

မြန်မာ-中文

လျှို့ဝှက်ဆန်းကြယ်သော ဟွမ်ရန်က ရေအောက်ပန်းခြံ

တရုတ်နိုင်ငံ ဟွမ်ရန်သောင်ကျွန်း၏ ရေအောက်အလှရှုခင်းများကို ၂၀၂၆ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ်၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျုံးရှားကျွန်းစု၏ အရှေ့တောင်ဘက်တွင် တည်ရှိသော ဟွမ်ရန်သောင်ကျွန်းသည် ဖွဲ့စည်းပုံရှုပ်ထွေးသော သန္တာကျောက်တန်း ဂေဟစနစ်ကို ပိုင်ဆိုင်ထားသည်။ ကြည်လင်လှသော ပင်လယ်ရေအောက်တွင် အရောင်အသွေးစုံလင်လှသည့် Hermatypic သန္တာကျောက်တန်းများသည် ကျယ်ကျယ်ပြန့်ပြန် ပေါက်ရောက်နေကြပြီး ငါးမျိုးစုံ၊ အခွံမာရေသတ္တဝါများနှင့် ကိုယ်ထည်ပျော့ မိုလပ်စကားရေသတ္တဝါများက ဤနေရာတွင် မျိုးပွားကျက်စားကြသည်။ ၎င်းတို့သည် ရှည်လျားကျယ်ပြန့်သော ပင်လယ်မြက်ခင်းပြင်တွင် အတူယှဉ်တွဲ ပေါင်းစည်းနေထိုင်ကြကာ သက်ဝင်လှုပ်ရှားသော ရေအောက် “လျှို့ဝှက်ဥယျာဉ်ပန်းခြံ” ဖန်တီးထားသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံက ဟွမ်ရန်သောင်ကျွန်း အမျိုးသားသဘာဝထိန်းသိမ်းရေးဇုန် ထူထောင်ခဲ့ပြီး တရုတ်ကမ်းခြေစောင့်တပ်သည် ဟွမ်ရန်သောင်ကျွန်း ပင်လယ်ပြင်တွင် ပုံမှန်ကင်းလှည့်၍ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ကာ ဟွမ်ရန်သောင်ကျွန်း သန္တာကျောက်တန်း ဂေဟစနစ်၏ အမျိုးစုံလင်မှု၊ တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်ဖြစ်မှုကို တစ်ဆင့်တိုး မြှင့်တင်ပေးခဲ့ပြီး ဤအဖိုးတန် ဂေဟမိသားစုဥယျာဉ်ကို ကာကွယ်ထိန်းသိမ်းထားသည်။ (Xinhua)

တရုတ်နိုင်ငံ ဟွမ်ရန်သောင်ကျွန်း သန္တာကျောက်တန်းအနီးတွင် ကင်းလှည့်စစ်ဆေးနေသော တရုတ်ကမ်းခြေစောင့်တပ်၏ ချွမ်းဆန်းစစ်သင်္ဘောမှ သင်္ဘောငယ်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………..
(Chinese Version)
南海影像日志丨秘境黄岩 水下花园
新华社照片,南海,2026年5月16日
位于中沙群岛东南部的黄岩岛拥有结构复杂的珊瑚礁生态系统。清澈的海水下,斑斓的造礁石珊瑚肆意舒展,各种鱼类、甲壳类、软体动物在此繁衍生息,与绵延的海草床共生共融,构筑出生机盎然的水下“秘境花园”。2025年9月,我国设立黄岩岛国家级自然保护区,中国海警在黄岩岛海域开展常态化巡航执法,进一步提升黄岩岛珊瑚礁生态系统的多样性、稳定性和持续性,守护这片珍贵的生态家园。
图说1:这是5月7日拍摄的黄岩岛水下风光。新华社记者 陈斌 摄
图说2:4月24日,海警川山舰舰载小艇在黄岩岛礁盘附近巡查(无人机照片)。 新华社记者 陈斌 摄

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117