နေပြည်တော်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အုပ်ချုပ်ရေးကဏ္ဍ နှင့် တရားစီရင်ရေး ကဏ္ဍများတွင် ဝင်ရောက် မစွက်ဖက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော် ကိုယ်စားလှယ်များအား ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်း အဝေး ပြီးဆုံးသည့် ယနေ့အစည်းအဝေးတွင် မှာကြားခဲ့သည်။
ရာမာလာ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ပါလက်စတိုင်းသမ္မတ Mahmoud Abbas သည် ၎င်း၏ရုံးခန်းအတွင်း မူးလဲသွားသဖြင့် အနောက်ဖက်ခြမ်း ဒေသ၊ ရာမာလာ မြို့ရှိ ဆေးရုံတစ်ခုသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ပြီး ယခုအခါတွင် ဆေးရုံမှပြန်လည် ဆင်းလာပြီဖြစ်ကြောင်း သိရသည်။
နီယာမေ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်ပိုင်း တက်စ်ဆာရာဒေသရှိ ဒုက္ခသည် စခန်း တစ်ခုတွင် အောက်တိုဘာလ ၆ ရက်က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ စစ်သား အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ၂၀၁၅ ခုနှစ်အတွင်းယာဉ်တိုက်မှုများကြောင့် သေဆုံးမှုများတွင် ထိုင်ခုံခါးပတ် မပတ်၍ သေဆုံးသူ အများဆုံးဖြစ်ကြောင်း စိစစ်တွေ့ရှိသည့် အတွက် ထိုင်ခုံခါးပတ် (Seat Belt) အတွက် ပညာပေးကာလ အဖြစ် ပထမဆောင်ရွက်မည်ဖြစ်ကာ အသုံးမပြုသူများအား မော်တော်ယာဉ် ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီမှ...
မက္ကဆီကိုစီးတီး ၊အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) ဟေတီနိုင်ငံ၌ မက်သူးဟာရီကိန်းမုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူပေါင်း ၂၆၄ ဦးထိ သေဆုံးသွားပြီးဖြစ်ကြောင်း နှင့် ၎င်းမုန်တိုင်းမှာ ဘဟာမား နှင့် အမေရိကန်နိုင်ငံသို့ဦးတည် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) နိုင်ငံတကာ မယ်စကြာဝဠာ ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ရွေးချယ်သည့် မယ်စကြာဝဠာ(မြန်မာ) ၂၀၁၇ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အလှမယ် ၂၆ ဦး အနက် မယ်စကြာဝဠာ(မြန်မာ) သရဖူအား အလှမယ် ဇွန်သံစဉ်က ရရှိခဲ့သည်။
နေပြည်တော်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အသက် ၁၈ နှစ် မပြည့်သူများအား အရက်ရောင်းချခြင်း နှင့် တရားမဝင် အရက်ဆိုင်များကို အလေးအနက်ထား စိစစ် ကြပ်မတ် အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ကိုကြိုဆိုဂုဏ်ပြုသည့်နိုင်ငံတော်အလံလွှင့်တင်ပွဲအခမ်းအနားကို ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင် တွင်ကျင်းပခဲ့ရာ ပြည်သူထောင်ပေါင်းများစွာလာရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။
နေပြည်တော်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဌာနဆိုင်ရာမှ စီစဉ်သည့် ပွဲလမ်း သဘင်များ အကြောင်း ပြပြီး မသမာသည့် ငွေပေးငွေယူမှု၊ လာဘ်ပေး လာဘ်ယူမှုများ ရှိပါက စုံစမ်း ဖော်ထုတ် အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက...