Connect with us

Politics, Law & Military

ထိုင်ခုံခါးပတ် မပတ်ပါက မော်တော်ယာဉ်ဥပဒေ နှင့်အညီအရေးယူမည်

ယာဉ်မောင်းရန်ထိုင်ခုံခါးပတ် ပတ်ထားသူအားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ်အတွင်းယာဉ်တိုက်မှုများကြောင့် သေဆုံးမှုများတွင် ထိုင်ခုံခါးပတ် မပတ်၍ သေဆုံးသူ အများဆုံးဖြစ်ကြောင်း စိစစ်တွေ့ရှိသည့် အတွက် ထိုင်ခုံခါးပတ် (Seat Belt) အတွက် ပညာပေးကာလ အဖြစ် ပထမဆောင်ရွက်မည်ဖြစ်ကာ အသုံးမပြုသူများအား မော်တော်ယာဉ် ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီမှ အသိပေးနှိုးဆော်စာ ထုတ်ပြန်ထားသည်။

ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲမှူးဝင်းလွင်က “ ထိုင်ခုံခါးပတ် ပတ်ဖို့ ဥပဒေက ရှိပြီးသားပါ။ နည်းဥပဒေကတော့ မထွက်သေးဘူး။ ခါးပတ်ပတ်ဖို့ မြေပြင်မှာ ပညာပေးတွေကိုလည်း ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။’’ ဟုဆင်ဟွာကိုပြောသည်။

ဥပဒေအရ ယာဉ်ပေါ်တွင် မောင်းနှင်းသူရော၊ စီးနင်းလိုက်ပါသူပါ ထိုင်ခုံခါးပတ် ပတ်ထားရန် ပါရှိပြီးဖြစ်ပြီး နည်းဥပဒေထွက်ရှိပါက ဘတ်စ်ကား၊ တက္ကစီ၊ လိုက်ထရပ် စသည့်မော်တော်ယာဉ်များအတွက်ပါ တိကျသည့် စည်းမျဉ်းစည်းကမ်းများ ထွက်လာမည်ဖြစ်ကြောင်း ဆိုသည်။

ထိုင်ခုံခါးပတ် (Seat Belt) ဝတ်ဆင်မှုအား (၁.၁၁.၂၀၁၆) မှ (၃၁.၁၂.၂၀၁၆) ရက်နေ့အထိ ပညာပေးကာလအဖြစ် သတ်မှတ်စစ်ဆေး ပညာပေးမည် ဖြစ်ကာ (၁.၁.၂၀၁၇)ရက်နေ့ မှစတင်၍ အသုံးမပြုသူများအား မော်တော်ယာဉ်ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီမှ အသိပေးနှိုးဆော်စာ တွင် ပါရှိသည်။

လက်ရှိတွင် ရန်ကုန်မြို့၌မီးပွိုင့်ပေါင်း ၁၅၄ ပွိုင့်တွင် CCTV ကင်မရာများ တပ်ဆင်လျက်ရှိပြီး၊ ဥပဒေ နှင့် အညီမောင်း နှင်မှုမရှိသည့် မော်တော်ယာဉ်အားတွေ့ရှိပါက CCTV ကင်မရာများမှ ဓာတ်ပုံရိုက် မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.