နေပြည်တော် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူး ကျင်းပသည့် တရုတ် ရုပ်ရှင် ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့အောက်တိုဘာ ၁ ရက်တွင် နေပြည်တော်ရှိ အောင်သပြေ ရုပ်ရှင်ရုံ၌ စတင် ကျင်းပပြုလုပ်ခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံသို့ တက်ရောက်ရန် ကိုယ်စားလှယ် ၂၂၈၇ ဦး ရွေးချယ်ထားကြောင်း စက်တင်ဘာလ ၂၉ ရက်တွင် တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်အခွန် စိစစ်ရေး ဌာန(ICE) သည် ၄ရက်ကြာပြုလုပ်သော တရားမဝင် ဝင်ရောက်လာသူများအား ဖမ်းဆီးနှိမ်နင်းရေး စီမံချက်အတွင်း နိုင်ငံခြားသား ၄၉၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာများက စက်တင်ဘာလ ၃ဝရက်တွင် ဖော်ပြခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ်၌ စက်တင်ဘာလ ၃၀ ရက်တွင် အမျိုးသား တစ်ဦးက အမျိုးသမီး တစ်ဦးအား မီးရှို့ခဲ့ရာ အဆိုပါ အမျိုးသမီး သေဆုံးသွားခဲ့ပြီး ရဲအရာရှိ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက သတင်းတင်ပြထားသည်။
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ယနေ့ (အောက်တိုဘာလ ၁ ရက်) တွင် ကျရောက်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၆၈ နှစ်မြောက် အမျိုးသားနေ့တွင် မြို့တော် ပေကျင်းရှိ ထျန်းအန်းမင်ရင်ပြင်သို့ နိုင်ငံတစ်ဝန်းမှ ပြည်သူ ၁၁၅,၀၀၀ ကျော် ရောက်ရှိကာ နိုင်ငံတော်အလံ လွှင့်တင်ခြင်းအား...
အန်ကာရာ ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တူရကီနိုင်ငံလုံခြုံရေးတပ်ဖွဲ့ဝင်များက နိုင်ငံအတွင်းသို့နယ်စပ်ဖြတ်ကျော်တရားမဝင် ဝင်ရောက်လာသူပေါင်း ၂၅၅၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တူရကီစစ်တပ်က စက်တင်ဘာ ၃ဝ ရက်တွင် ပြောကြားခဲ့သည်။ တူရကီနိုင်ငံစစ်ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်ထဲတွင် နယ်စပ်ခြံစည်းရိုးကို ကျော်ဖြတ်၍ တူရကီနိုင်ငံအတွင်းသို့ခိုးဝင်ရန် ကြိုးပမ်းခဲ့သည့် ဆီးရီးယားနိုင်ငံမှ ၂၄၈၈ ဦး...
အော့တဝါ ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) မရိကန်နိုင်ငံ လောစ့်အိန်ဂျလိစ်မြို့မှ ပြင်သစ်နိုင်ငံ ပါရီမြို့သို့ပျံသန်းလာသော ပြင်သစ်လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် အတ္တလန္တိတ်သမုဒ္ဒရာပေါ်တွင် ဖြတ်ကျော်ပျံသန်းစဉ် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတစ်ခုကြောင့် ကနေဒါနိုင်ငံ၌ စက်တင်ဘာလ ၃ဝရက်က အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း CTV သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားကွန်ဂရက်သို့တက်ရောက်ကြမည့် အလုပ်သမား နှင့် အမျိုးသမီးကိုယ်စားလှယ်များ ဦးရေသည် ၁၈ ကြိမ်မြောက်ကွန်ဂရက်သို့ တက်ရောက်ခဲ့သော အရေအတွက်နှင့်နှိုင်းယှဉ်ပါက ပိုမိုများပြားလာနိုင်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ကမ္ဘာ့နိုင်ငံပေါင်းများစွာမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကမ္ဘာ့အကြီးကျယ်ဆုံး အလှမယ် ပြိုင်ပွဲ ဖြစ်သည့် မယ်စကြာဝဠာ(Miss Universe 2018 ) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည့် မယ်စကြဝဠာ မြန်မာ(Miss Universe Myanmar) ၂၀၁၈ သရဖူဆုပိုင်ရှင်အဖြစ်ပဲခူးမှ အလှမယ်နှင်းသွေးယုအောင် အား ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။