ရန်ကုန်၊စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၁၄ကြိမ်မြောက် အာဆီယံ ယူ-၁၈ ဘောလုံး ပြိုင်ပွဲတွင် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် မြန်မာအသင်း ဗိုလ်လုပွဲနှင့် လွဲချော်ပြီး တတိယနေရာအတွက် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) တစ်နိုင်ငံအပစ်ခတ်အတိုက်ခိုက်ရပ်စဲရေးစာချုပ် (NCA)စာချုပ်ချုပ်ဆိုပြီး လုပ်ဆောင်ရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေကြောင်း ယနေ့ စက်တင်ဘာ ၁၅ ရက် နေ့ သတင်းစာရှင်းလင်းပွဲတွင် ရှမ်းပြည်ပြန်လည်ထူေ ထာင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားသည်။
ရန်ကုန် စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ရေး နှင့် ပတ်သက်ပြီးဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam တို့တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
လန်ဒန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) လန်ဒန် အနောက်ပိုင်းရှိ မြေအောက် ရထားဘူတာရုံ တစ်ခုတွင် စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ ခရီးသည်များ ထွက်ပြေးခဲ့ကြောင်း ဗြိတိန်နိုင်ငံ အရေးပေါ်လုပ်ငန်းက ပြောကြားခဲ့သည်။ ပေါက်ကွဲမှုကြောင့် မီးလုံးကြီးများမှာ ရထားတွဲပေါ်သို့ ပြုတ်ကျကာ...
ရှန်ဟိုင်း၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှန်ဟိုင်းရှိ Guoguo အိမ်မွေးတိရစ္ဆာန်လေးများ အာရုံကြောနှင့် အပ်စိုက်ကုကျန်းမာရေးစင်တာတွင် မသန်စွမ်းအိမ်မွေးတိရစ္ဆာန်လေးများကို အပ်စိုက်ကုထုံးနှင့် စုပ်ခွက်နည်းတို့ဖြင့် ကုသပေးလျက်ရှိသည်။ အသက် ၆ နှစ်အရွယ်ရှိပြီဖြစ်သည့် schnauzer အမျိုးအစားခွေးလေးတစ်ကောင်ကိုလည်း အပ်စိုက်ကုသပေးခဲ့သည်။ ၎င်းမှာ လွန်ခဲ့သည့် ၃ နှစ်ကတည်းက ခြေ ၄ချောင်းစလုံး အကြောသေသည့်ဝေဒနာကိုခံစားခဲ့ရသည်။...
လန်ဒန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) လန်ဒန် အနောက်ပိုင်းရှိ မြေအောက် ရထားဘူတာရုံ တစ်ခုတွင် စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ ခရီးသည်များ ထွက်ပြေးခဲ့ကြောင်း ဗြိတိန်နိုင်ငံ အရေးပေါ်လုပ်ငန်းက ပြောကြားခဲ့သည်။
နယူးဇီလန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ စီးပွားရေး မြို့တော် မွမ်ဘိုင်းက အကြီးဆုံး ဆင်းရဲသားရပ်ကွက်ဖြစ်သော Dharavi ရှိ အထည်ချုပ် ဂိုဒေါင် တစ်ခုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ပြည်သူလူထုက ယုံကြည်စွာ အပ်နှင်းသည့် တာဝန်များကို ဂုဏ်ယူစွာ လက်ခံပြီး တာဝန်သိသိ သစ္စာရှိရှိဖြင့် သမိုင်း မှတ်တိုင်သစ် ရေးထိုးသွားကြရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့နေ့လယ်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၅ (ဆင်ဟွာ) ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်သန်လျင် အမှတ်(၃) တံတားကို ထပ်မံတည် ဆောက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ယနေ့နံနက် ၈း၀၆နာရီ ခန့်တွင် ပြည်မြို့ ၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။