ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပြီး၊ အဆိုပါ မြစ်ရေသည် နောက် (၂) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
တီဟီရန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ ဟက်ဆန်ရိုဟာနီ နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် တို့သည် ဆီးရီးယားနိုင်ငံအတွင်း နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ နှင့် ပတ်သက်၍ သြဂုတ် ၁၄ရက်တွင် ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အာခရာ ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ဆီရာလီယွန် နိုင်ငံ မြို့တော် Freetown နှင့် အနီးတစ်ဝိုက် ဒေသများတွင် သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှု နှင့် မြေပြိုမှု တို့ဖြစ်ပွားခဲ့ရာ အိမ်ခြေအများအပြား နစ်မြုပ်ခဲ့သောကြောင့် လက်ရှိချိန်တွင်...
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ငါးဦးခန့်ကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့ ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။
မက်ဒရစ် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) ရီယဲလ်မက်ဒရစ် ရှေ့တန်းတိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုသည် ပွဲပယ်ပြစ်ဒဏ် ၅ ပွဲ ချမှတ်ခံရကြောင်း သိရသည်။
တန်းရှ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း တန်းရှ တွင် တောင်စောင်းမှ စက်ဘီး စီးပြိုင်ပွဲ ကျင်းပခဲ့သည်။ ကွေ့ကောက်မတ်စောက်သော တောင်စောင်းများပေါ်မှ စက်ဘီးများကို အရှိန်ပြင်းနှင်ကာ ပြိုင်ဆိုင်ရသည့် အဆိုပါပွဲကို ကြည့်ရှုသူများက ရင်သပ်ရှုမောမှုများစွာဖြင့် အားပေးခဲ့ကြသည်။ တန်းရှဒေသသည် အခြားဒေသများနှင့် မတူကွဲပြားသော နေရာအနေအထား...
ယူနန်၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ်တွင် သြဂုတ်လ ၁၂ ရက် နေ့ကျရောက်ခဲ့သည့် ၆ကြိမ်မြောက် ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် ကို ဂုဏ်ပြုသောအားဖြင့် ဆင်များကို အစားအသောက်များစွာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ အာရှဆင် ၁ဝ ကောင် အား အသီးအနှံ အလေးချိန်ပေါင်း ၃ တန်ခန့်ကို...
ကိုင်ရို၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ထုတ် ကြွေထည်ပစ္စည်းများမှာ တစ်ကမ္ဘာလုံးတွင် နံမည်ကျော်ကြားပြီးလူကြိုက်များလျက်ရှိသည်။ အီဂျစ်နိုင်ငံသည်လည်း ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျှောက် လက်ရာမြောက်သည့်ကြွေထည်ပစ္စည်းများ ထွက်ရှိရာ နိုင်ငံဖြစ်သည်။ အီဂျစ်နိုင်ငံ ကိုင်ရို မြို့တွင် တရုတ်ရိုးရာ လက်မှု ကြွေထည်လုပ်ငန်းကို စိတ်ပါဝင်စားသူ များပြားလာပြီး သင်ယူလေ့လာလိုသူများလည်းရှိ နေပြီဖြစ်သည်။ တရုတ်...
ရှန်ဟိုင်း၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ပြင်သစ်နိုင်ငံမှ drone ကျွမ်းကျင်ပညာရှင်များ အဖွဲ့က drone ၈ စင်းဖြင့် ၃ မိနစ်တာ ဖျော်ဖြေမှုများပြုလုပ်ခဲ့ကြသည်။ အဆိုပါ drone များမှာ အခန်းကျဉ်းအတွင်း၌ပင် အသုံးပြုနိုင်သည့် အလင်းရောင်အာရုံခံစနစ်နှင့် ကင်မရာတို့ကိုတပ်ဆင်ထားခြင်းဖြစ်သည်။ လူဖြင့်ထိန်းချုပ်မောင်းနှင်သည့် drone...
ဝါရှင်တန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝစ်ကွန်စင်ပြည်နယ်တွင် ကျင်းပနေသည့် Great Lakes Dragway ကားပြိုင်ပွဲ တစ်ခု၌ အမျိုးသား သုံးဦး သေနတ်ပစ်ခံရကာ သေဆုံးခဲ့ကြောင်း၊ သေနတ်ပစ်ခတ်သူအား မသိရသေးကြောင်းနှင့် မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ကို မသိရသေးကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။