Connect with us

Politics, Law & Military

ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု တာဝန်ခံမှုပြုနိုင်သော ရဲတပ်ဖွဲ့ဝင်ကောင်းဖြစ်ရန် တိုက်တွန်း

ရဲတပ်ဖွဲ့ နေ့  အခမ်းအနားသို့  ဒုတိယ သမ္မတဦးမြင့်ဆွေ ရောက်ရှိလာစဉ်။

နေပြည်တော်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အဆင့်အားလုံးတို့သည် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု တာဝန်ခံမှုပြုနိုင် သော တပ်ဖွဲ့ဝင်ကောင်းများ ဖြစ်အောင် ကြိုးပမ်းကြရန် နိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ တိုက်တွန်း ပြောကြားခဲ့သည်။

“ရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးဟာ မိမိတို့ ရဲ့ လုပ်ပိုင်ခွင့်များ၊ လုပ်ငန်းကျွမ်းကျင်မှုများနဲ့ အတူ ဥပဒေကို ကိုင်တွယ် အသုံးပြုရာမှာ ပွင့်လင်း မြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ပြုနိုင်သော ရဲတပ်ဖွဲ့ဝင် ကောင်းများ ဖြစ်အောင် ကြိုးပမ်းကြပါ၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရာမှာလည်း ရဲလုပ်ငန်း ကျွမ်းကျင်မှု ရိုးသား ဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့နဲ့ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးကိုရည်မှန်းပြီး နိုင်ငံတော်နဲ့ ပြည်သူကို အကျိုးပြုရတဲ့ မိမိအလုပ်ကို တန်ဖိုးထား ဂုဏ်ယူစွာနဲ့ အစဉ် ကြိုးပမ်းလုပ်ဆောင်ကြပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ၎င်းက (၅၄)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ပြောခဲ့သည်။

ဒုတိယ သမ္မတ ဦးမြင့်ဆွေ အဖွင့် မိန့်ခွန်းပြောကြားစဉ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ဝင်းဦး အမှာစကား ပြောကြားစဉ်။

မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးစဉ်။

စွမ်းဆောင်ရည် သတ္တိ မြင့်မားကြသူတို့အား ဆုများ ချီးမြှင့်စဉ်။

စွမ်းဆောင်ရည် သတ္တိ မြင့်မားကြသူတို့အား ဆုများ ချီးမြှင့်စဉ်။

စွမ်းဆောင်ရည် သတ္တိ မြင့်မားကြသူတို့အား ဆုများ ချီးမြှင့်စဉ်။

အခမ်းအနားသို့တက်ရောက်လာသော နိုင်ငံခြား ဧည့်သည် အချို့အား တွေ့ရစဉ်။

စံပြရဲ ဆုရရှိသူ ငါးဦးတို့အားတွေ့ရစဉ်။

ပြခန်းများအား ကျောင်းသား ကျောင်းသူတို့ လေ့လာကြည့်ရှုကြစဉ်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မျိုးချစ်စိတ် ရှိရမည်၊ စွမ်းရည် ပြည့်ဝရမည်၊ ခေတ်မီရမည် ဟူသည့် မျှော်မှန်းချက်များနှင့်အညီ ရဲတပ်ဖွဲ့ကို တည်ဆောက်ရာ၌ ဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်မှု၊ ခေတ်မီ ပစ္စည်း ကိရိယာများ၊ လုံခြုံရေး အသုံးအဆောင်များကို ခေတ်ကာလနှင့် လျော်ညီအောင် နိုင်ငံတော်က တိုးမြှင့် ဖြည့်ဆည်းနေသကဲ့သို့ အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သော စိတ်ဓာတ် ကောင်းမွန်မှု၊ စွမ်းရည် ပြည့်ဝမှုများကို တပ်ဖွဲ့ဝင် တစ်ဦးချင်းက စဉ်ဆက်မပြတ် ဆက်လက် ခံယူ လေ့ကျင့်ကြပါ… ဟုလည်း ဒုတိယ သမ္မတက တိုက်တွန်း ပြောကြားခဲ့သည်။

ယနေ့ ဖြစ်ပေါ်နေသော အကြမ်းဖက်မှု အပါအဝင် အမျိုးစုံသော မှုခင်းများကို ထိရောက်စွာ ထိန်းချုပ် နိုင်ရေးကြိုးပမ်းရာ၌ မှုခင်းများကို ပေါ်ပေါက်စေသည့် ဆက်စပ် အကြောင်းတရားများသည် လူမှုရေး ပြဿနာ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ၊ စီးပွားရေး ပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာများနှင့်် နီးကပ်စွာ ဆက်နွှယ်နေသဖြင့် လက်ရှိကျင့်သုံးနေသည့် ဥပဒေများနှင့် တရားစီရင်ရေး စနစ်တို့အပေါ် တွင်သာ မှီခိုအားထားရုံဖြင့် မလုံလောက်တော့ကြောင်း၊ တရားစီရင်ရေး ကဏ္ဍအပါအဝင် ပညာရေး၊ ကျန်းမာ ရေး၊ အိုးအိမ်နေရာချထားရေး၊ အလုပ်အကိုင် ရှာဖွေရေး ကဏ္ဍများ၊ မီဒီယာ၊ အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူထု လူတန်းစား အဖွဲ့အစည်း အသီးသီးတို့ကလည်း ရဲတပ်ဖွဲ့ နှင့်အတူ ကဏ္ဍပေါင်းစုံမှ ပူးပေါင်း ဆောင်ရွက်ကြဖို့ အထူးအရေးကြီးလှကြောင်းလည်း ဒုတိယ သမ္မတက ပြောကြားခဲ့သည်။

နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့ ပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး၊ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တို့မှ ဥက္ကဌများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ တပ်မတော် အရာရှိကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစား ရဲအရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.