ပေကျင်း၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဆူဝူ သဲကန္တာရတွင် တရုတ်နိုင်ငံနှင့် နိုင်ငံခြားပညာရှင် ၂၆ ဦးတို့က ပူးပေါင်းကာ ပန်းပုရုပ်တုများကို တီထွင်ဖန်တီးခဲ့ကြသည်။ ထို ရုပ်တုများကို အချိန် ၃ လခန့် ယူကာဖန်တီးပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။ မျက်စိပသာဒဖြစ်ဖွယ် ပန်းပု ရုပ်တုများက သဲကန္တာရ ကို အလှဆင်လျက်ရှိသည်။...
မော်စကို၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကူဘင်ကာတွင် Army expo 2018 ကိုကျင်းပလျက်ရှိရာ ရုရှားလေတပ်ပိုင် Su-57 နှင့် MiG-29 jets လေယာဉ်များကိုအသုံးပြုကာ စတန့်ပြုလုပ်ခဲ့သည့်မြင်ကွင်းများကို ရိုက်ကူးထာ းခြင်းဖြစ်ပါသည်။ International Army expo 2018 ကို ရုရှားနိုင်ငံတွင်သြဂုတ်လ...
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) သံလွင်မြစ်ရေသည် ကရင်ပြည်နယ် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်လျက်ရှိပြီး၊ စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် ကျော်လွန်လျက်ရှိသည့်အတွက် မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ဒေသဆိုင်ရာ Trinamool Congress ပါတီရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁ ဦးသေဆုံးခဲ့ပြီး အခြားသူ ၅ ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း ရဲတပ်ဖွဲ့က သြဂုတ်လ ၂၃...
ဘရပ်ဆဲလ်၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ) ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်တွင် ဥရောပဒေသ၌ ဝက်သက်ရောဂါ ကူးစက်သူ ၄၁,၀၀၀ ကျော် ရှိရာ ၎င်းမှာ ၂၀၁၀ ခုနှစ်ကတည်းကဆိုရလျှင် အမြင့်ဆုံးစံချိန်ဖြစ်ပြီး အနည်းဆုံး သေဆုံးသူ ၃၇ ဦး ရှိပြီ ဖြစ်ကြောင်း ဥရောပဒေသဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုရက်ပိုင်းများတွင်...
မက္ကဆီကို စီးတီး၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) တောင်ပစိဖိတ်ကမ်းရိုးတန်း ရှိ Guerrero ပြည်နယ် အလွန် ရေပြင်ရှိ လှေတစ်စီး ပေါ်မှ ကိုကင်း ၇၂၅ကီလိုဂရမ် နှင့်အတူ အမျိုးသား ၄ဦးကို ဖမ်းဆီးခဲ့ကြောင်း မက္ကဆီကို ရေတပ်ဝန်ကြီးဌာန က သြဂုတ် ၂၂ရက်တွင် ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) သြစတြီးယားနိုင်ငံတွင် ခရီးသွားဧည့်သည်များ လာရောက်ရာနေရာနှင့် ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် တစ်ခုဖြစ်သော Hallstatt ကျေးရွာအနီး တောမီးလောင်ကျွမ်းမှုဖြစ်ပွားပြီး မီးအပူရှိန်ကြောင့် နေအိမ်များ ရွှေ့ပြောင်းခဲ့ရပြီး မီးသတ်သမားများ မီးငြှိမ်းသတ်ရ ခက်ခဲနေကြောင်း သိရသည်။
ဝါရှင်တန်၊ သြဂုတ် ၂၃ (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော် က အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် သြဂုတ် ၂၂ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားအရေး နှင့် လာမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ နှစ်နိုင်ငံ တွေ့ဆုံမှုများ နှင့်...
မော်စကို ၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ) အမေရိကန်က ရုရှားအပေါ်ပိတ်ဆို့မှုအသစ်များပြုလုပ်ခြင်းက အဓိပ္ပါယ်မရှိလုပ်ရပ်ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က သြဂုတ် ၂၂ ရက်တွင် ပြောဆိုလိုက်ပါသည်။
ပေကျင်း ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ တင်သွင်းလာသော ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ် သြဂုတ် ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ဝ၁ မိနစ်တွင် စတင် အခွန်စည်းကြပ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။