ဟယ်ဆင်ကီ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံ အရှေ့ပိုင်း Kuopio မြို့တွင် သြဂုတ် ၂၄ ရက် က ရထားလမ်းကျော် တံတားတစ်စင်းပေါ်မှ ဘတ်စ်ကားတစ်စီး ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၄ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်း Yle က ထုတ်လွှင့်ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ၏ ဖိတ်ကြားချက် အရ မကြာမီကာလအတွင်း နီပေါနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲ(၃)၌ အမျိုးသား ၁ ဦးမှ ငွေများလုယူမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရွှေကျင်မြစ်ရေသည် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး၊ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
လီမာ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ နှင့် ဘိုလီးဗီးယားနိုင်ငံ တို့ နှင့် ထိစပ်နေသော ပီရူးနိုင်ငံ နယ်စပ်တွင် သြဂုတ် ၂၄ ရက်က ကနဦးတိုင်းထွာချက်အရ ရစ်ချ်တာစကေး ၇.၁ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) ကပြောကြားခဲ့သည်။
ရန်ကုန် သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်များကို YCDC ကိုလွှဲအပ်ပြီးအဆင့်မြှင့်တင်ရေး၊ YGNကားလိုင်စင်ပြန်ပေးနိုင်ရေးစီစဉ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆောင်ရွက်မှုများကို မီဒီယာများအားရှင်းလင်းပြောကြားခဲ့သည်။
တိုကျို၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အာအိုမိုရိစီရင်စု ၏ ကမ်းရိုးတန်းအလွန်တွင် ကနဦးတိုင်းထွာချက်များအရ သြဂုတ် ၂၄ ရက်က အင်အား ၅.၁ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံံ မိုးလေဝသဌာန ကပြောကြားခဲ့သည်။
ဘဂ္ဂဒက် ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ ကျန်းမားရေး ဝန်ကြီးဌာန အရာရှိ တစ်ဦး က နိုင်ငံတောင်ပိုင်း Basra ပြည်နယ် တွင် လတ်တလောရက်ပိုင်း အတွင်း သောက်သုံးရေ မသန့်ရှင်းမှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူပေါင်း ၅၀၀...
ရန်ကုန် ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ စက်မှု နှင့် စီးပွားရေး ဘဏ် (ICBC) ရုံးခန်းသစ် ဖွင့်ပွဲ နှင့် ငွေကြေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ရှင်းလင်းတင် ဆက်ပွဲ အခမ်းအနား ကို သြဂုတ်လ ၂၄ ရက်...
ကွမ်တုံ၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ် ပန်းကန်ပြားပျံပုံစံမှန်တံတားကို အများပြည်သူများသွားလာနိုင်ရန်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ ၎င်းမှာအချင်းဝက် ၁၆.၈ မီတာအကျယ်အဝန်းရှိပြီး လုံးဝိုင်းသည့်သဏ္ဍာန် ကိုမှန်များဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။ လျှောက်လမ်းကို ၂ဝ၂ မီတာအရှည်ပြုလုပ်ထားပြီး တောင်စောင်းမှ ၇၂ မီတာ ထုတ်ကာ ဆောက်လုပ်ထားသည့် တံတားလည်းဖြစ်သည်။ အဆိုပါတံတားကို အကြမ်းခံနိုင်ရည်ရှိသည့်မှန်ပြား ၃ လွှာထပ်ကာ တည်ဆောက်ထားပြီး...