ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် (Depression)တစ်ခု အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ...
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) အမေရိကန်ဒေါ်လာဈေးသည် ဆက်တိုက်မြင့်တက်လျက်ရှိပြီး ယနေ့သြဂုတ်လ ၁၅ ရက် တွင် ပြင်ပဒေါ်လာလဲလှယ်သည့် ဈေးကွက်တွင် တစ်ဒေါ်လာကို ၁၅၁၂ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။
ဂျီနီဗာ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) မကြာသေးမီက ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါပိုးဖြစ်ပွားသည့်နေရာများကို သွားရောက်လေ့လာခဲ့ရာ ယင်းဒေသ၏ ရောဂါထိန်းချုပ်ကာကွယ်သည့် အခြေအနေကို ပို၍ စိုးရိမ်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Dr.Tedrosက သြဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ရောဂါဖြစ်ပွားရာ နေရာများတွင် လုံခြုံရေးအခြေအနေတင်းမာနေဆဲဖြစ်ရာ ကူညီ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို...
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သြဂုတ် ၁၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က မိုင်တိုင်အမှတ် (၁၅/၂)နှင့်(၁၅/၃)အကြား၌် တရားမဝင်ကညင်ခွဲသားများ တင်ဆောင်လာသော ယာဉ်တစ်စီး တိမ်း မှောက်မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အန်ကာရာ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ ရီဆတ် တေယစ် အာဒိုဂန် သည် မော်တော်ယာဉ်များ၊ ယမကာများ နှင့် ဆေးရွက်ကြီး အပါအဝင် အမေရိကန်သွင်းကုန်တစ်ချို့အပေါ် အခွန်နှုန်းတိုးမြှင့်သည့် အမိန့်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သြဂုတ် ၁၅ရက် တရားဝင်ထုတ်ပြန်ချက်တစ်ခု အရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံမှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ သန်းချေးယူရန် ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက ဆန္ဒမဲဖြင့် ဆုံးဖြတ် အတည်ပြုခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်ကျေးရွာများတွင် ထူးကဲဒီရေတက်လာသောကြောင့် သုံးရက်အတွင်း လူနေတဲအိမ်(၁၁၃)လုံး ပြိုကျပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တင်သွင်းခဲ့ပြီး လွှတ်တော် နှစ်ရပ် သဘောထား ကွဲလွဲခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)အား ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဆန္ဒမဲခွဲပြီး...
ကဘူးလ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ပူးတွဲစစ်စခန်းတစ်ခုအား သန်းခေါင်ယံအချိန်တွင် တာလီဘန်စစ်သွေးကြွတို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၄၅ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာ Tolo News ရုပ်သံလိုင်းက သြဂုတ် ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် သြဂုတ် ၁၂ နှင့် ၁၃ ရက်နေ့များ တွင် မိုးများရွာသွန်းပြီး ငဝန်မြစ်ရေ တိုးလာသောကြောင့် ရယက- ၁၂ နယ်မြေ ရေကြည်ဦး ရပ်ကွက်တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ယာယီကယ်ဆယ်ရေး စခန်း ဖွင့်ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ...