စင်ကာပူ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ကိုရီယား အလုပ်သမားပါတီ (WPK) ဥက္ကဋ္ဌနှင့် မြောက်ကိုရီးယားနိုင်ငံရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်သည် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇွန်လ ၁၂ ရက်တွင် တွေ့ဆုံရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည်...
ချင်းသောင် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် SCO အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များနှင့်အတူ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် “ယနေ့ခေတ်တွင် မည်သည့်နိုင်ငံမျှ တစ်ကိုယ်ကောင်း ပုံစံဖြင့် ရပ်တည်နိုင်မည် မဟုတ်” ဟု ပြောကြားလိုက်သည်။
ချင်းသောင်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ၁၈ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးအပြီး SCO အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ကာဂျစ်စတန်နိုင်ငံက တာဝန်ယူရန် အဖွဲ့ဝင်နိုင်ငံများက သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ၆၈ကြိမ်မြောက် FIFA (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) ကွန်ဂရက်သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးတို့ တက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသတင်းထုတ်ပြန်သည်။
ချင်းသောင်၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) ၁၈ကြိမ်မြောက်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း(SCO) ထိပ်သီးအစည်းအဝေးတွင် သဘောတူညီမှုများကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့ကြောင်း သမ္မတရှီကျင့်ဖိန်က ယနေ့ဇွန်လ ၁ဝရက်နေ့တွင်ကျင်းပသည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။(Xinhua)
ချင်းသောင်၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းချင်းသောင်မြို့တွင်ကျင်းပလျက်ရှိသည့် ၁၈ကြိမ်မြောက် SCO အစည်းအဝေးသို့တက်ရောက်လာကြသည့် SCO အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များက ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုကျင်းပလျက်ရှိသည့် မြင်ကွင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှ တစ်ဆင့်တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။(Xinhua)
ချင်းသောင်၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) ၁၈ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO အစည်းအဝေးကို တက်ရောက်လာသည့် ဧည့်သည်တော်များအားကြိုဆိုဧည့်ခံပွဲ တစ်ရပ်ကို ဇွန်လ ၉ ရက်နေ့က တရုတ်နိုင်ငံအရှေ့ပိုင်း ချင်းသောင်မြို့တွင်ကျင်းပခဲ့ရာ သမ္မတရှီကျင့်ဖိန်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည့် မြင်ကွင်းအပြည့်အစုံကိုအောက်ပါလင့်ခ်မှ တစ်ဆင့်ကြည့်ရှုနိုင်ပါသည်။(Xinhua)
ချင်းသောင်၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းချင်းသောင်မြို့တွင် ယနေ့ ဇွန်လ ၁ဝ ရက်နေ့၌ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး SCO သို့ တက်ရောက်လာကြသည့် SCO အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ၊ လာရောက်လေ့လာသည့်နိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှခေါင်းဆောင်များကို သမ္မတရှီကျင့်ဖိန်က ကြိုဆိုနှုတ်ဆက်ခဲ့ပြီး စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးခဲ့သည်။ (Xinhua)
ချင်းသောင်၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းမြို့ဖြစ်သည့်ချင်းသောင်တွင်ဇွန်လ ၁ဝ ရက် ယနေ့ မနက်ပိုင်းတွင်ကျင်းပလျက်ရှိသည့် SCO ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းအဝေးသို့ တက်ရောက်လာသည့် SCO အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များက အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။(Xinhua)
ချင်းသောင်၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) ဇွန်လ ၁ဝ ရက်နေ့တွင် တရုတ်နိုင်ငံ အရှေ့ပိုင်းချင်းသောင်မြို့တွင်ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု SCO အစည်းအဝေး ၏ သီးသန့် ထိပ်သီးတွေ့ဆုံပွဲတွင် သမ္မတရှီကျင့်ဖိန်က SCO အဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်များအားအဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ (Xinhua)