ချင်းသောင်၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းချင်းသောင်မြို့တွင်ကျင်းပလျက်ရှိသည့် SCO အစည်းအဝေးသို့တက်ရောက်ရန် ၁ဝ ရက်နေ့မနက်ပိုင်း၌ SCO အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များရောက်ရှိလာရာ သမ္မတရှီကျင့်ဖိန်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။(Xinhua)
ချင်းသောင်၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ချင်းသောင်တွင် ပြုလုပ်လျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အစည်းအဝေး တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အဖွင့်အမှာစကားပြောကြားသည့်မြင်ကွင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှ တစ်ဆင့်တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။(Xinhua)
ချင်းသောင်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization) က နိုင်ငံတကာ တုံ့ပြန်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။
ချင်းသောင် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လုံခြုံရေးနှင့်တည်ငြိမ်ရေးသည် လူတိုင်းလိုလားသည့်အရာ ဖြစ်သောကြောင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်လျှောက်လှမ်းရမည့် လမ်းစဉ်ဖြစ် ကြောင်း ဇွန်လ ၁၀ ရက်က ကျင်းပသည့် (၁၈)ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO) ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။
ချင်းသောင် ၊ ဇွန် ၁ဝ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှု နှင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်သွားကြရန် ယနေ့ဇွန်လ ၁ဝ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
စင်ကာပူ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ကိုရီယား အလုပ်သမားပါတီ (WPK) ဥက္ကဋ္ဌနှင့် မြောက်ကိုရီးယားနိုင်ငံရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်သည် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဇွန်လ ၁၀ ရက်တွင် တွစ်တာပေါ်၌ ရေးသားထားကြောင်း သိရသည်။
ချင်းသောင် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က “ရှန်ဟိုင်း စိတ်ဓာတ်”သည် ယဉ်ကျေးမှုပဋ္ဋိပက္ခ၊ စစ်အေးအတွေး အခေါ်၊ အနိုင်အရှုံးအဖြေတစ်မျိုးတည်းသာရှိသော သူသေကိုယ်ရှင် ဆက်ဆံရေး(zero-sum game) စသည့် ရှေးကျအတွေးအခေါ်များအား ကျော်လွှားနိုင်ခဲ့ပြီး နိုင်ငံတကာဆက်ဆံရေး သမိုင်းစာမျက်နှာ သစ်ကို လျှောက်လှမ်းနိုင်ခဲ့သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏သဘောတူထောက်ခံမှု...
ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) ဧရာဝတီ တိုင်းဒေသကြီး ပုသိမ် မြို့နယ် အတွင်းရှိ ကျေးရွာ ၂ ရွာတွင် ဇွန် ၉ ရက်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၉ လုံး ပြိုကျ ပျက်စီးခဲ့ပြီး နေအိမ် ပြိုကျမှုကြောင့် တစ်ဦး...
ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်ကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်လျက်ရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ချင်းသောင်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ရှန်ဟိုင်း ပူးပေါင်ဆောင်ရွက်မှုအဖွဲ့ (SCO) ဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်း အထူးချေးငွေရန်ပုံငွေ ယွမ် ၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံ) မတည်မည်ဟု သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် ကြေညာလိုက်သည်။