ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်ကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ချင်းသောင်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အနာဂတ်မျှဝေမှုရှိသော SCO လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရေး နီးကပ်စွာ လုပ်ဆောင်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန် ၁၀ ရက်တွင် ပြောကြားလိုက်သည်။
ချင်းသောင်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) က ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပုံစံသစ် ဖန်တီးခဲ့ပြီး ဒေသတွင်း ငြိမ်ချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိရန် ကူညီထောက်ပံ့မှုအသစ်များ ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) မေလ အတွင်း မူးယစ်ဆေးဝါးမှု ၈၇ဝ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးမှု တရားခံ ၁၂၃၁ ဦးကို အမှုဖွင့် အရေးယူ နိုင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန္နီမြို့နယ် ၊ လားရှိုးမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ငွေကျပ် ၈၁၄၀. ၄၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်တို့ကြောင့် (၁၀.၆.၂၀၁၈)ရက်နေ့မှ (၁၄.၆.၂၀၁၈)ရက်နေ့အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် မိုးကြီးမည့်သတိပေးချက် အားမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇွန် ၉ ရက် (ဆင်ဟွာ) ဇွန်လ ၉ ရက်နေ့နှင့် ၁ဝ ရက်နေ့တို့တွင် တရုတ်နိုင်ငံ ချင်းသောင်မြို့တွင် ကျင်းပလျက်ရှိသည့် ၁၈ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု SCO အစည်းအဝေး တက်ရောက်ရန် ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင် သည် ဇွန်လ ၈ ရက်နေ့ ညပိုင်းက...
ချင်းသောင်၊ ဇွန် ၉ ရက်(ဆင်ဟွာ) လွန်ခဲ့သည့် ၅ နှစ်အတွင်းကျင်းပခဲ့သည့် SCO ထိပ်သီးအစည်းအဝေးတိုင်းသို့ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တက်ရောက်ခဲ့ပြီးအကျိုးစီးပွားများကိုအတူတကွမျှဝေသည့် အသိုက်အဝန်းတစ်ခုကို SCO ၏ မူဘောင်အောက်တွင်ဖော်ဆောင်နိုင်ရန်ကြိုးပမ်းခဲ့သည်။ သမ္မတရှီက “SCO အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့်ဖွံ့ဖြိုးတိုးတက်စေမည့် တွန်းအားတစ်ရပ်ဖြစ်သည့် ရှန်ဟိုင်းစိတ်ဓါတ်ဖြင့်လက်တွဲကြိုးပမ်းသွားရမည်ဖြစ်ကြောင်း၊ မိမိတို့အားလုံးစည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုှအစဉ်အလာကောင်းကိုလက်ဆင့်ကမ်းသယ်ဆောင်ရမည်ဖြစ်ကြောင်း၊ SCO အဖွဲ့ဝင်နိုင်ငံများအချင်းချင်း နက်ရှိုင်းသည့်အပြန်အလှန်ယုံကြည်မှုများ အပြန်အလှန်ရိုင်းပင်းကူညီမှုများဖြင့်ရှေ့ဆက်ရမည်ဖြစ်ကြောင်း”...
ရန်ကုန် ၊ ဇွန် ၉ ရက် (ဆင်ဟွာ) တတိယ အကြိမ်မြောက် တရုတ်-မြန်မာ နှစ်နိုင်ငံ “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အား ဇွန်လ ၈ ရက်နေ့ က ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ် တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ညီအကို...
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသော မြန်မာ့လက်ရွေးစင် ယူ-၁၉ ဘောလုံးအသင်းသည် စင်ကာပူနိုင်ငံသို့ သွားရောက်၍ Albirex Niigata အသင်းနှင့် ပူးတွဲလေ့ကျင့်မှုများပြုလုပ်ကာ စင်ကာပူ ယူ-၂၃ ဘောလုံးအသင်းနှင့်ခြေစမ်းပွဲယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။