ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့၏ အနောက်ဘက် (၈) မိုင်ခန့် အကွာ တွင် သြဂုတ်(၂၆)ရက် မြန်မာစံတော်ချိန် (၀၉)နာရီ (၁၉)မိနစ် (၁၄) စက္ကန့်အချိန်တွင အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်...
ကူဝိတ်စီးတီး၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) ယီမင် STCအသွင်ကူးပြောင်းရေးကောင်စီ ၏ လက်နက်ကိုင် အင်အားစုများက ယီမင်နိုင်ငံတောင်ပိုင်း ရှဘ်ဝါ(Shabwa)ပြည်နယ်တွင် အစိုးရတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားရာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
လန်ဒန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံရှိ အားလပ်ရက်ခရီးသွားမည့်သူများစွာသည် ဗြိတိသျှလေကြောင်းလိုင်း (British Airways) မှ လေယာဉ်မှူးများ စက်တင်ဘာလတွင် သုံးရက်ကြာဆန္ဒပြမည်ဖြစ်သောကြောင့် ခရီးစဉ်များ ပယ်ဖျက်ထားသည်ဟူသော အီးမေးလ်များ သြဂုတ်လ ၂၄ ရက်အစောပိုင်းက လက်ခံရရှိခဲ့ကြပြီး အဆင်မပြေမှုနှင့် ကြုံတွေ့နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ သြဂုတ်လ ၂ဝ မှ ၂၅ ရက်အတွင်း ကျင်းပခဲ့သည့် ၂ဝ၁၉ ခုနှစ် ကမ္ဘာ့ စက်ရုပ်ညီလာခံတွင် လူသားတို့အတွက် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေနိုင်မည့် နောက်ဆုံးပေါ် စက်ရုပ်အမျိုးမျိုးနှင့် စက်ရုပ်ဆိုင်ရာ နည်းပညာများကို ထုတ်ဖော်ပြသခဲ့သည်။ ထိုပြပွဲတွင် ပြည်တွင်းပြည်ပ စက်ရုပ်များ...
ပေကျင်း၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) China Railway Engineering Equipment Group Co. က ဒီဇိုင်းဆွဲထုတ်လုပ်သည့် ဥမင်တူးစက်ကြီး (TBM) နှစ်လုံးကို တရုတ်နိုင်ငံ ကျန်းကျိုးမြို့တွင် တပ်ဆင်ထုတ်လုပ်ပြီး ဒိန်းမတ်နိုင်ငံသို့ ပို့ဆောင် မည်ဖြစ်ကြောင်းသိရသည်။ ၎င်းမှာ တရုတ်နိုင်ငံက ထုတ်လုပ်သည့် ဥမင်တူးစက်များ (TBMs)...
ဂျီနီဗာ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) ဆွစ်ဇာလန်နိုင်ငံ တောင်ပိုင်းတွင် သြဂုတ် ၂၅ ရက်က လေယာဉ်ငယ်တစ်စီးပျက်ကျမှုဖြစ်ပွားရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၃ ဦး သေဆုံးခဲ့ကြောင်း ဆွစ်ဇာလန် ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဝူရုမုချိ ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(Xinjiang Uygur) တွင် ၂ဝ၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း ဒေသခံများ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို အထောက်အကူပြုတွန်းအားပေးနေသည့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် အလုပ်အကိုင်အသစ်ပေါင်း ၃၂,ဝဝဝ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ဆန်နာ ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ၏ ဟူတီသူပုန်များက ဆော်ဒီအာရေးဗျနိုင်ငံ Jizan လေဆိပ်သို့ဦးတည်၍ သြဂုတ် ၂၅ ရက် ညနေပိုင်းက ဒုံးကျည် ၁ဝ စင်းပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ သူပုန်အုပ်စုပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ဟန်ဒိုက်၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) G-7 ထိပ်သီးဆွေးနွေးပွဲကို သြဂုတ် ၂၄ ရက်က လုံခြုံရေး ထူထပ်စွာချထားသည့် ပြင်သစ်နိုင်ငံ တောင်ပိုင်း ဘီရာရစ်ဇ်မြို့၌ စတင်ကျင်းပခဲ့ရာ ယင်းနေ့တွင်ပင် ဘီရာရစ်ဇ်မြို့၏ ၃၀ ကီလိုမီတာအကွာရှိ ဟန်ဒိုက်(Hendaye)တွင် G-7 အား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဟောင်ကောင် ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) ဗာနူအာတူ နိုင်ငံ ၊ ဆိုလာမြို့၏ အနောက်တောင်ဘက် ၆၃ ကီလိုမီတာ အကွာတွင် သြဂုတ် ၂၄ ရက်တွင် အင်အား ၆.၀ ပမာဏရှိ မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးအဖွဲ့(USGS) ထံမှ...