Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့၏ အနောက်ဘက် (၈) မိုင်ခန့် အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့၏ အနောက်ဘက် (၈) မိုင်ခန့် အကွာ တွင် သြဂုတ်(၂၆)ရက် မြန်မာစံတော်ချိန် (၀၉)နာရီ (၁၉)မိနစ် (၁၄) စက္ကန့်အချိန်တွင အင်အားရစ်(ခ်)တာစကေး

(၅.ဝ) အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ပပထွန်းက “ပျက်စီးဆုံးရှုံးမှုစာရင်းတော့ ကျွန်မတို့ဆီကို မရောက်သေးဘူး။ ဒီငလျင်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ရှင်ဗွေယန်ယန်မြို့ ကတော့ ငလျင်လှုပ်ရှားမှုကို ခံစားမိနိုင်တယ်လို့ထင်ပါတယ်။ အနက်က ၆၇ ကီလိုမီတာ ကို ဗဟိုပြုပြီး လှုပ်တာဆိုတော့ နက်တယ်လို့ ပြောရမယ်။ အနက်တိမ် ရင်တော့လူခံစားမိသူ ပိုများနိုင်ပါတယ်’’ ဟု ဆင်ဟွာကိုပြောသည်။

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၆.၆၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်

(၉၆.၀၈)ဒီဂရီ၊ အနက် (၆၇) ကီလိုမီတာခန့်ကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117