ဂါဇာ၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ) ဂါဇာဒေသတွင် ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးစစ်တပ်တို့အကြား သြဂုတ် ၂၃ ရက်က ပဋိပက္ခဖြစ်ပွားရာ ပါလက်စတိုင်း ၁၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာ ဒေသ ကျန်းမာရေးဌာနက သြဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ရီအိုဒီဂျနေးရိုး၊ သြဂုတ်လ ၂၄ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံသမ္မတ ဂျဲ ဘိုလ်ဆိုနာရို (Jair Bolsonaro) က အမေဇုန်မုတ်သုန်မိုးသစ်တောအတွင်း မီး အကြီးအကျယ်လောင်ကျွမ်းနေမှု အားစစ်ဘက်အကူအညီနည်းလမ်းများပါ အသုံးပြုနှိမ်နင်းငြှိမ်းသတ် သွားရန် သြဂုတ်လ ၂၃ ရက်ကအမိန့်ပေးခဲ့ကြောင်းသိရပါသည်။
လန်ဒန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် မကြာမီကျင်းပတော့မည့် G7 အစည်းအဝေးမတိုင်မီ နိုင်ငံခြားရေးမူဝါဒနှင့် ကမ္ဘာ့ကုန်သွယ်ရေး ကိစ္စရပ်များအား သြဂုတ်လ ၂၃ ရက်က...
ဂျာကာတာ၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ) ခရီးသည် ၂၇၇ ဦးတင်ဆောင်လာသည့် သင်္ဘောတစ်စီးသည် သြဂုတ် ၂၂ ရက် ညပိုင်းက အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် အနီးပင်လယ်ပြင်တွင် မီးလောင်မှုဖြစ်ပွားရာ လူ ၄ ဦး သေဆုံးပြီး ၅၄ ဦး ပျောက်ဆုံးနေကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက သြဂုတ်...
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့နယ်၊ နမ့်မောင်းကျေးရွာအနီး၌ သြဂုတ် ၂၃ ရက် နံနက် ၇ နာရီခန့်တွင် ကျပ်သိန်းပေါင်း ၁၅,၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၁၉ ခုနှစ် သြဂုတ် ၂၃ရက်အထိ သေဆုံးသူ ၁၀၂ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ဟာဗာနား၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံတွင် သိပ္ပံပညာရှင်များက ခြင်မှတစ်ဆင့် ကူးစက်ပျံ့ပွားသော တုပ်ကွေးရောဂါများ ရပ်တန့်ရေး မဟာဗျူဟာချဆောင်ရွက်လျက်ရှိကြောင်း ဒေသခံမီဒီယာများက သြဂုတ် ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည်။
ဂျကာတာ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် ပင်လယ်ပြင်တွင် ခရီးသည်တင် သင်္ဘောတစ်စင်း မီးလောင်မှုကြောင့် အတွင်း၌ ခရီးသည်များစွာ ပိတ်မိနေကြောင်း ပြည်နယ်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး လုပ်ငန်းလည်ပတ်မှုဌာန အကြီးအကဲ စူပရီယိုနို မက်စီဟမ် (Supriono Mesiham) က သြဂုတ်လ ၂၃...
ချိန်ထူး၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အနောက်တောင်ဘက် စီချွမ်ပြည်နယ် တွင် ဖမ်းထားသော ပန်ဒါအရိုင်းမိဘ မှ ပန်ဒါအထီးအမွှာလေး နှစ်ကောင်ကို သြဂုတ် ၂၀ ရက်တွင် မွေးဖွားခဲ့ကြောင်း ပန်ဒါအကြီးများထိန်းသိမ်းရေး နှင့် သုတေသနစင်တာ မှ သိရသည်။