ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပလျက်ရှိသည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံအစည်းအဝေးမှ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်ဇူလိုင်လ ၆ ရက်တွင် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာသတင်းဌာနကိုပြောကြားခဲ့သည်။
နေပြည်တော်၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှ ကလေးငယ် အမှုကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့သည် မျက်ကွယ်ပြုထားခြင်း၊ လျစ်လျူရှုထားခြင်းများ မရှိဘဲ အမှုမှန်ပေါ်ပေါက်ရန် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို အားလုံး...
နေပြည်တော်၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း(၂၀၁၉)တွင် ‘နိုင်ငံခြားသား ကလေးအား မွေးစားမှုကြောင့် ထိုကလေးသည် နိုင်ငံသား၊ သို့မဟုတ်၊ ဧည့်နိုင်ငံသား၊ သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူ အဖြစ် မရရှိစေရ’ ဟု ဖော်ပြထားသဖြင့် အများ ပြည်သူတို့ စိုးရိမ်စရာ မလိုကြောင်း နိုင်ငံတော်...
အန်ကာရာ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံအရေးနှင့် ပတ်သက်၍ တူရကီ-ရုရှား-အီရန် သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲကို သြဂုတ်လအတွင်း တူရကီနိုင်ငံ၏ မြို့တော် အန်ကာရာတွင် ကျင်းပမည်ဖြစ်ကြောင်း တူရကီသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Ibrahim Kalinက ဇူလိုင် ၄ ရက်က ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) အပူပိုင်းမုန်တိုင်းမန် (Mun) ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် တိုက်ခိုက်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ဖြတ်စဉ် မိုးကြီးခြင်း နှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဇူလိုင်လ ၄ ရက်တွင်ပြောကြားခဲ့သည်။
ကွမ်တုံ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ကွမ်တုံပြည်နယ် zhangjiang တွင် ပင်လယ်ဖြတ်ကူးတံတားကြီးကို တည်ဆောက်ပြီးစီးတော့မည်ဖြစ်ကြောင်းသိရသည်။ Tongming ပင်လယ်ဖြတ်ကူးတံတားကြီးမှာ အရှည်အားဖြင့် ၅.၇၅၅ ကီလိုမီတာရှိပြီး Donghai ကျွန်းနှင့် Leizhou အဝေးပြေးလမ်းကို ချိတ်ဆက်ဖောက်လုပ်ထားသည်။ အဆိုပါ တံတားကြီးကို ၂ဝ၂ဝ ခုနှစ်တွင် စတင်ဖွင့်လှစ် နိုင်ရန်...
ရှန်ဟိုင်း၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့် ဆောင်ရွက်လျက်ရှိသည့် ကယ်ဆယ်ရေးအသင်းတစ်သင်း၏ လှုပ်ရှားဆောင်ရွက်မှုများကို ရိုက်ကူး တင်ဆက်ထားပါသည်။(Xinhua)
လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Searles Valley အနောက်တောင်ဘက် ၁၂ ကီလိုမီတာအကွာတွင် ဇူလိုင်လ ၄ ရက် ဂရင်းနစ်စံတော်ချိန် ၁ရး၃၃း၄၈ နာရီက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလုပ်ငန်း (USGS) က ပြောကြားခဲ့သည်။ အဆိုပါ ငလျင်မှာ...
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သစ်တောဧရိယာအတွင်းမှ ဧက (၂ဝဝဝ)ကို သဘာဝတော တန်ဘိုးမြင့် စိုက်ခင်းများအဖြစ် ပြန်လည်ဖော်ဆောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် နေထိုင်ကျက်စားသည့် Brown Prinia (ငှက်လက်မမြီးရှည်ညို) ငှက်မျိုးစိတ်များကို ကမ္ဘာ့ငှက်ပညာရှင်များက ထပ်မံမျိုးခွဲ သုတေသနပြုခဲ့ရာ မြန်မာနိုင်ငံတွင် နေထိုင်ကျက်စားသည့် Brown Prinia ငှက်မျိုးစိတ်ကို Burmese Prinia (Prina cooki) မျိုးစိတ်အဖြစ် မျိုးခွဲခဲ့ပြီး၊ ၎င်းငှက်မျိုးစိတ်ကို...