ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (မူကြမ်း) ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့၊ နံနက်(၈)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
ဂတ်ဘရွန်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဘော့စ်ဝါနာနိုင်ငံရှိ ဂေဟစနစ်ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုက နမီးဘီးယားနိုင်ငံ၊ ဇမ်ဘီးယားနိုင်ငံနှင့် ဇင်ဘာဘွေနိုင်ငံတို့ရှိ ၎င်းတို့၏ လုပ်ငန်းများတွင် တစ်ခါသုံးပလတ်စတစ်သုံးစွဲမှု ဖယ်ရှားပြီး ဧည့်သည်များအတွက် ပြန်လည် အသုံးပြုနိုင်မည့်ပုလင်းများ ထောက်ပံ့ပေးမည့်အစီအစဉ်အား ဇွန်လ ၃ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် နှင့်မြောက်ဥက္ကလာပ မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ သောက်ရေသန့်လုပ်ငန်းအချို့မှာ စက်ရုံဖွဲ့စည်းပုံ(Layout)ကိုက်ညီမှုမရှိခြင်း၊ စက်ရုံအတွင်း/အပြင် သန့်ရှင်းမှုမရှိခြင်း၊ ကောင်းမွန်သော သိုလှောင်မှုအလေ့အကျင့်တို့ မရှိခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်သုံးဝတ်စုံများ ဝတ်ဆင်ထားခြင်းမရှိခြင်းတို့ ကြောင့် စက်ရုံအချို့အား ယာယီရပ်ဆိုင်းအရေးယူခဲ့ကြောင်း အစားအသောက် နှင့်...
တိုကျို၊ ဇွန် ၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တွင် ဇွန် ၄ ရက် ညပိုင်းက သက်ကြီးယာဉ်မောင်းတစ်ဦးမောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးသည် အရှိန်ဖြင့်အခြားယာဉ်ကြောသို့ ရောက်ရှိလာပြီး လမ်းဆုံအရောက်တွင် အခြားယာဉ်များနှင့်တိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၉ ဦး သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပဲရစ်၊ ဇွန် ၅ ရက် (ဆင်ဟွာ) အေအက်ဖ်စီ၏ အထူးအာဏာကုန်လွှဲထားခြင်းခံရသော ကွန်ဂရက်တွင် ၂၀၂၃ ခုနှစ် အေအက်ဖ်စီ အာရှဖလားဘောလုံးပြိုင်ပွဲ (AFC Asian Cup) ၏ အိမ်ရှင်အဖြစ် တရုတ်နိုင်ငံအား ဇွန်လ ၄ ရက်က အတည်ပြုလိုက်ကြောင်း သိရသည်။
ကိုင်ရို၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ ၏ မြို့တော် ခါတွန် သို့ ဇွန် ၃ ရက်နှင့် ၄ ရက်တွင် ပျံသန်းမည့် အီဂျစ် နိုင်ငံ၏ အမျိုးသားလေကြောင်းEgyptAir လေယာဉ်နှစ်စီး ခရီးစဉ် များကိုဖျက်သိမ်းခဲ့ကြောင်း အီဂျစ်လေကြောင်းလိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဘာလင် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ယခုမေလတွင် ကျင်းပခဲ့သော ဥရောပပါလီမန်ဆိုင်ရာရွေးကောက်ပွဲများ( EP elections) သည် အစိမ်းရောင်ဖွံ့ဖြိုးမှုများ၊ ဥရောပသမဂ္ဂနှင့် အနီးကပ်ဆက်ဆံမှုကို ဆန့်ကျင်သည့် မူဝါဒများ နှင့် ဗဟိုလက်ယာယိမ်းဝါဒ နှင့် လူမှုဒီမိုကရက်တစ်ဝါဒီများ အားလျော့လာခြင်းတို့နှင့်အတူ အစဉ်အလာအာဏာချိန်ခွင်လျှာ ကမောက်ကမ ဖြစ်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။
ဝါရှင်တန်၊ ဇွန် ၅ ရက်(ဆင်ဟွာ) ကျူးဘားသို့ သွားရောက်သောသူများအား အမေရိကန်က ကန့်သတ်မှုများပြုလုပ်သွားပြီး ကျူးဘား စစ်ဘက်ဆိုင်ရာနှင့်လုံခြုံရေးဌာန၏ အကျိုးအမြတ်ရရှိမှုများကို တားဆီးသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ) တရုတ် – မြန်မာ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် ဖွင့်ပွဲ အခမ်းအနားအား ဇွန် ၃ ရက်တွင် ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်...