Connect with us

North America

ကျူးဘားသို့ သွားရောက်သူများအား အမေရိကန်က ကန့်သတ်မှုများ ပြုလုပ်သွားမည်

ကျူးဘားနိုင်ငံ ဟာဗားနားမြို့မြင်ကွင်း တစ်နေရာအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇွန် ၅ ရက်(ဆင်ဟွာ)

ကျူးဘားသို့ သွားရောက်သောသူများအား အမေရိကန်က ကန့်သတ်မှုများပြုလုပ်သွားပြီး ကျူးဘား စစ်ဘက်ဆိုင်ရာနှင့်လုံခြုံရေးဌာန၏ အကျိုးအမြတ်ရရှိမှုများကို တားဆီးသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အစုအဖွဲ့အလိုက် လေ့လာရေးခရီးစဉ်သွားရောက်မှုများကို အမေရိကန်က တားမြစ်တော့မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ခရီးသည်တင်သင်္ဘော၊ ခရီးသွားသင်္ဘောများ၊ ပုဂ္ဂလိက သို့မဟုတ် လုပ်ငန်းသုံးလေယာဉ်များဖြင့် ကျူးဘားသို့ သွားရောက်သူ များကိုလည်း ထပ်မံခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။

ကျူးဘား၏ ခရီးသွားလုပ်ငန်းသည် ၎င်းနိုင်ငံ၏ စစ်ဘက်ဆိုင်ရာနှင့်လုံခြုံရေးဌာနအကြား နီးကပ်သည့် ဆက်စပ်မှုများ ရှိရာ အမေရိကန်၏ ယခုလုပ်ဆောင်ချက်မှာ ခရီးသွားလုပ်ငန်းမှတစ်ဆင့်သက်ဆိုင်ရာ အကျိုးအမြတ် ရရှိမှုများကို ကန့်သတ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုမတိုင်မီက အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် အစုအဖွဲ့လိုက် လေ့လာရေးခရီးစဉ်အပါအဝင် အခြား ခရီးသွားပုံစံ ၁၂ မျိုးဖြင့် ကျူးဘားသို့ ခရီးသွားလာမှုအား ခွင့်ပြုထားကြောင်း သိရသည်။

ကျူးဘားတော်လှန်ရေးအပြီး ၁၉၅၉ခုနှစ် နောက်ပိုင်းတွင် အမေရိကန်သည် ကျူးဘားအား ရန်လိုရန်ဆောင်သည့်မူဝါဒများ ကိုင်တွယ်ကျင့်သုံးခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် အမေရိကန်နှင့် ကျူးဘားအကြား သံတမန်အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး နောက်တစ်နှစ်တွင် အမေရိကန်သည် စီးပွားရေး၊ဘဏ္ဍာရေးနှင်ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အမေရိကန်-ကျူးဘားအကြား သံတမန်အဆက်အသွယ်ပြန်လည်ထားရှိခဲ့သော်လည်း အမေရိကန် အနေဖြင့် ပိတ်ဆို့မှုများကို ဘက်စုံဖြေလျှော့မှုများ မရှိခဲ့ကြောင်း သိရသည်။ ထရမ့်အစိုးရ အာဏာရရှိပြီး နောက် ကျူးဘားအပေါ်ထားရှိသည့် ပေါ်လစီများကို ပြန်လည်တင်းကျပ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.