ထရီပိုလီ၊ဧပြီလ ၇ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံအရှေ့ပိုင်းအခြေစိုက်တပ်ဖွဲ့ကလစ်ဗျားနိုင်ငံအနောက်ပိုင်းရှိ ကုလသမဂ္ဂထောက်ခံသော အစိုးရ၏စစ်တပ်အနေဖြင့် ဒေသအတွင်းစိုးမိုးနိုင်ရန်ဆက်လက်အားထုတ်နေမှုကြောင့် ၎င်း၏လေတပ် စခန်းများနှင့်တိုက်လေယာဉ်များကိုတိုက်ခိုက်သွားမည်ဖြစ်ကြောင်းဧပြီလ ၆ ရက်ကခြိမ်းခြောက်ပြော ကြားခဲ့ပါသည်။
ဂျကာတာ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Nusa Tenggara ပြည်နယ်တွင် အင်အား ၆.၁ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ရှားသွားကြောင်းနှင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ပြောကြားခဲ့သည်။
ကူဝိတ်စီးတီး ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် ၂၄ နာရီ အတွင်း အစိုးရ တပ်ဖွဲ့ နှင့် ဟူဒီ လက်နက်ကိုင် အဖွဲ့အစည်း တို့ က နိုင်ငံ တောင်ပိုင်း Dhale ပြည်နယ် တွင် ပြင်းထန် သည့် တိုက်ပွဲ...
ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) အနောက်ဘက်မှလာသော လေအေးများနှင့် ဘင်္ဂလားပင် လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင်(၆.၄.၂၀၁၉) ရက်နေ့မှ (၁၀.၄.၂၀၁၉)ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကွမ်ကျိုး၊ ဧပြီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုး မြို့တွင် ပထမဆုံး 3D နည်းပညာဖြင့် ဖန်တီးပြုလုပ်ထားသည့် လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးအခန်းကို တည်ဆောက်ထားကြောင်းသိရသည်။ အဆိုပါအခန်းမှာ ၁၂.၁ မီတာ အရှည်ရှိပြီး ၄.၅ မီတာ အကျယ်ရှိကာ ၄.၆ မီတာ အမြင့်ရှိပြီး ဒစ်ဂျစ်တယ် နည်းပညာသုံး...
ဟာဗာနား ဧပြီ ၆ ရက် (ဆင်ဟွာ) ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကြောင့် တောမီးများပိုမိုလောင်ကျွမ်းနိုင်ကြောင်း ကျူးဘားနိုင်ငံ ၏ အဆင့်မြင့်အရာရှိ တစ်ဦးက ခန့်မှန်းပြောကြားသည်။
တီဟီရန်၊ဧပြီလ ၆ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ၏ ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့အစည်းများ၊လက်နက်ကိုင်တပ်ဖွဲ့များနှင့်အပျော်တမ်းအဖွဲ့ များကနိုင်ငံ၏ရေဘေးသင့်ဒေသများတွင် ပုံမှန်အနေအထားပြန်လည်ရောက်ရှိစေရန်ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေချိန်တွင်ပင် လာမည့်ရက်များ၌အီရန်နိုင်ငံတွင်မိုးသည်းထန်စွာရွာသွန်းမှု များဖြစ်ပွားနိုင်သေးကြောင်း ခန့်မှန်းထားကြသည်ဟုသိရသည်။
ပေကျင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒ ကြီးထွားလာသည့်ကြားမှ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative= BRI) က ဖွံ့ဖြိုးဆဲနိုင်ငံများရော ဖွံ့ဖြိုးပြီးနိုင်ငံများကိုပါ အကျိုးကျေးဇူးရှိသည့် အလားအလာနှင့် အခိုင်အမာဆွဲဆောင်ထားသည်ကို ပြသနေကြောင်း တွေ့ရသည်။