ဝါရှင်တန် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မိုက်ပွန်ပီယိုက ဆော်ဒီဂျာနယ်လစ်ဂျာမဲလ်ခါရှော့ဂီ(Jamal Khashoggi) သေဆုံးမှုနှင့်ပတ်သက်၍ ဆော်ဒီအာရေးဗျနိုင်ငံသား ၁၆ ဦးအား အမေရိကန်နိုင်ငံသို့ပြည်ဝင်ခွင့် ပိတ်ပင်ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၈ ရက်တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မော်စကို ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် တူရကီနိုင်ငံသမ္မတ အာဒိုဂန် တို့သည် တူရကီနိုင်ငံသို့S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ လွှဲပြောင်းရေး ၎င်းတို့၏ စာချုပ်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နှင့် နှစ်နိုင်ငံအနေဖြင့် နည်းပညာမြင့်လက်နက်များ ပူးတွဲထုတ်လုပ်ရေးအတွက် စတင်လက်တွဲသွားရန် ဧပြီ ၈ ရက်က သဘောတူညီခဲ့ကြကြောင်း...
တီဟီရန် ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ အမျိုးသား လုံခြုံရေး ဆိုင်ရာ အမြင့်ဆုံး ကော်မတီ က အမေရိကန် နိုင်ငံ ၏ အနောက်အာရှ ရှိ အလယ်ပိုင်း စစ်ဌာနချုပ် နှင့် ၎င်း ၏ လက်အောက်ခံ တပ်ဖွဲ့...
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဒူဘိုင်းမြို့၏ စတုတ္ထအကြီးဆုံး ခရီးသွားဧည့်သည် အရင်းအမြစ်ဈေးကွက် ဖြစ်လာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) Huawei၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ(2018 Annual Report )နှင့် ပတ်သက်ပြီး မီဒီယာရှင်းလင်းပွဲကို ယနေ့ ရန်ကုန်မြို့ရှိ Huawei Myanmar ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချန်းရှ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်းချန်းရှ မြို့တွင် ရထားလမ်းကြောင်းများကို စစ်ဆေးနိုင်မည့် အသိဉာဏ် ထည့်သွင်းထားသည့် ရထားလမ်းကြောင်း စစ်ဆေးရေးယာဉ်ကို ပထမဆုံး ထုတ်လုပ်နိုင် ခဲ့သည်။ ၎င်းယာဉ်မှာ ရထားလမ်းများကို ထိန်းသိမ်းပြုပြင်မှုပြုလုပ်ပေးသွားမည်ဖြစ်ပြီးအရွယ်အစားအနေဖြင့် ၅.၈၁ မီတာအရှည် ရှိကာ ၂.၆ မီတာ အကျယ်ရှိပြီး ၂.၉၇...
ဟန်နိုဗာ ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး စက်မှုပြပွဲတစ်ခုဖြစ်သည့် Hannover Messe ပွဲကို ဂျာမနီနိုင်ငံတွင် ကျင်းပလျက်ရှိရာ စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် FANUCမှ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် အကြီးစားစက်ရုပ်ဝန်ချီလက်တံကြီးကို ပြသခဲ့သည်။ ၎င်းကို M2000iA/1700L စက်ရုပ်ဟုအမည်ပေးထားပြီး အလေးချိန်အားဖြင့် ၁၇ဝဝ ကီလိုဂရမ်ကို သယ်ဆောင်နိုင်...
ကွေ့ကျိုး ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကီလိုမီတာ ၄ဝဝ အကွာတွင်ရောက်ရှိနေသည့် နှလုံးအထူးကုဆရာဝန်ကြီးများက 5G ကွန်ရက်နည်းပညာကို အသုံးပြုကာ ကွေ့ကျိုးမြို့ရှိ လူနာတစ်ယောက် အား အချိန် ၄ နာရီခန့်အတွင်း နှလုံးခွဲစိတ်မှု ပြုလုပ်ခဲ့ကြသည်။ လူနာမှာ အသက် ၄၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး မွေးရာပါ...
ဒါကာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ချတ်တိုဂရမ် ပင်လယ်ဆိပ်ကမ်းမြို့ရှိ နိုင်ငံ၏ ဒုတိယအကြီးဆုံး လေဆိပ်တွင် ဧပြီလ ၈ ရက် နံနက်ပိုင်း၌ အကောက်ခွန် အရာရှိများက အလေးချိန် ၂၃ ကီလိုဂရမ်ကျော်ရှိသော ရွှေချောင်း ၂၀၀ ဖမ်းမိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် မြန်မာရိုးရာသြင်္ကန်ကာလအတွင်း သြင်္ကန်ပွဲတော်ကျင်းပမည်ဖြစ်သဖြင့် လမ်းပိတ်/လမ်းလွှဲနှင့် တစ်လမ်းမောင်းပြုလုပ်ထားမည့် လမ်းများကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ယနေ့ ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။