ရန်ကုန် ၊ မတ် ၂၆ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ မတ် ၂၅ ရက်တွင် သုံးဘီး ဆိုင်ကယ်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲ ထိုးကျ တိမ်းမှောက်ခဲ့ရာ တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရှန်ရှီး၊ မတ် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှိ တက္ကသိုလ်ကျောင်းသားတစ်စုက ရှန်ရှီးပြည်နယ်၌ ရေထဲတွင် စွန့်ပစ်ထားသည့် အမှိုက်များကို လိုက်လံသိမ်းဆည်းရန် မောင်းသူမဲ့ အမှိုက်သိမ်းရေယာဉ်အမျိုးအစား တစ်ခုကို တီထွင်ခဲ့ကြသည်။ ၎င်းကို အဝေးထိန်းခလုတ်ဖြင့် မောင်းနှင်နိုင်ကာ အကျယ်အဝန်းအားဖြင့် ၁.၃ မီတာရှိကာ အမြင့် ဝ.၉ မီတာရှိပြီး ၁.၆ မီတာ...
ပါရီ၊ မတ် ၂၆ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ရောက်ရှိလာသည့် သမ္မတရှီကျင့်ဖိန် ကို ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က ဂုဏ်ပြုအခမ်းအနားဖြင့်ကြိုဆိုဂုဏ်ပြုခဲ့သည် ကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။(Xinhua)
ပေကျင်း၊ မတ် ၂၆ ရက်(ဆင်ဟွာ) စိမ်းလန်းစိုပြေသည့် ပွင့်လင်းနွေဦးနှစ်သစ်ကာလ သမ္မတ ရှီကျင့်ဖိန်၏ ၂၀၁၉ ခုနှစ် ပထမဦးဆုံး လည်ပတ်ရေးခရီးစဉ်သည် တရုတ်နိုင်ငံနှင့် အီတလီ၊ မိုနာကို၊ ပြင်သစ်နိုင်ငံများအကြား လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးကို အဆင့်မြှင့်တင်ခြင်းဖြစ်သလို တရုတ်နိုင်ငံသည် ဥရောပနိုင်ငံများနှင့်အတူ ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်သူ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးဆောင်သူ၊...
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကွမ်းလုံမြို့ ၏ အနောက်-အနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာ တွင် အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အန်ကာရာ၊ မတ် ၂၆ ရက် (ဆင်ဟွာ) ဂရိနိုင်ငံဝန်ကြီးချုပ် ပါရှိသော ရဟတ်ယာဉ်အား Aegean ပင်လယ် တွင် နှောင့်ယှက်တိုက်ခိုက်မှု၌ တူရကီရဟတ်ယာဉ်များ ပါဝင်ခြင်းမရှိကြောင်း လုံခြုံရေးသတင်းရင်းမြစ်များ ၏ ပြောကြားကြားချက်ကို state-run Anadolu Agency ကမတ်လ ၂၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ကိဗ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ တွင် လွန်ခဲ့သည့် ၃လအတွင်း ဝက်သက်ရောဂါပြန့်ပွားမှုကြီးတစ်ခုကြောင့် အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး လူ ၃၂,၀၀၀ ကျော် ကူးစက်ခံခဲ့ရကြောင်း နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန က မတ် ၂၅ ရက် တွင်ပြောကြားခဲ့သည်။
စင်ကာပူ၊ မတ် ၂၆ ရက် (ဆင်ဟွာ) စင်ကာပူလေကြောင်းလိုင်းမှ မွမ်ဘိုင်း-စင်ကာပူ ပြေးဆွဲနေသော လေယာဉ်တစ်စင်းသည် မတ်လ ၂၆ ရက် နံနက်ပိုင်းက လေယာဉ်မှူးမှ ဗုံးသတိပေးချက်ရရှိပြီးနောက် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း၊ ယင်းသတိပေးချက်မှာ နောက်ပြောင်မှုတစ်ခုဟု သိရှိခဲ့ရကြောင်း Straits Times က သတင်းဖော်ပြထားသည်။
ရာဘတ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ သည် အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃.၇၈၇ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ဝယ်ယူမည်ဖြစ်ကြောင်း မော်ရိုကိုငွေကြေးသတင်းဝက်ဘ်ဆိုက် Medias24.com က မတ် ၂၅ ရက်တွင်ဖော်ပြခဲ့သည်။