Connect with us

Videos

ကမ္ဘာ့အဝဆုံးလူသားဆေးကုသမှုခံယူလျက်ရှိ

ဟော်လီစကို၊ မေ ၉ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံအနောက်ပိုင်း ဟော်လီစကို တွင် နေထိုင်သည့် ကမ္ဘာ့အဝဆုံးလူသားဖြစ်သည့် Juan Pedro Franco သည် ၎င်းခန္ဓာကိုယ်ရှိ အဆီပိုများကို လျှော့ချရန်အတွက် ဆေးကုသမှုခံယူလျက်ရှိသည်။ မေလ ၉ ရက်နေ့ က စတင်ကာ ကိုယ်အလေးချိန်လျှော့ချရန်ခွဲစိတ်ကုသမှု စတင်ပြုလုပ်ခဲ့ရာယခုတွင် ၎င်းမှာ ၄ဝဝ ကီလိုဂရမ်ရှိပြီဖြစ်သည်။ အသက် ၃၂ နှစ်အရွယ် Franco သည် အဝလွန်သော ၎င်း၏ ခန္ဓာကိုယ်ကြောင့် မည်သည့်နေရာကိုမှသွားနိုင်ခြင်းမရှိဘဲ ၆နှစ်တိုင်တိုင် အိမ်တွင်သာ နေထိုင်ရသူတစ်ဦးဖြစ်သည်။ ကိုယ်အလေးချိန် တိုးခြင်းကြောင့် နာမကျန်းဖြစ်ခြင်းနှင့် ထိန်းချုပ်ရန်ခက်ခဲသည့်သွေးတိုး၊ ဆီးချို၊ သွေးပေါင်ချိန်တက်ခြင်းနှင့်နာတာရှည် အဆုတ်ပျက်စီးခြင်းတို့ကဲ့သို့ရောဂါများဖြစ်ပွားခြင်းကြောင့် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတွင် franco က အလေးချိန်လျှော့ချသည့် ကုသမှုများ ပြုလုပ်ရန်လက်ခံခဲ့ပြီစတင်ကုသမှုခံယူခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.